အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နွေရာသီအိုလံပစ်အားကစားပွဲတော်(Olympic Games or Summer Olympic Games)

သမိုင်းကြောင်း

ခေတ်သစ်အိုလံပစ်အားကစားပြိုင်ပွဲကို ၁၈၉၄ တွင် ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်မှ စတင်တည်ထောင်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ အပျော်တမ်း အားကစားသမားများအား ပြိုင်ပွဲ အမျိုးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြစေရန်နှင့် အားကစားသမားများအား နိုင်ငံရေးဖိအားများမှ ကင်းလွတ်၍ သန့်ရှင်းသော အားကစားနည်းများ ပိုမိုတိုးတက်လာစေရန် ဖြစ်သည်။

၁၈၉၆ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သော အိုလံပစ်အားကစားပြိုင်ပွဲသည် ပုံမှန်အားဖြင့် လေးနှစ် တစ်ကြိမ် ကျင်းပသော နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာအားကစားပွဲတစ်ခုဖြစ်သည်။ ၂၀၂၀ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) သည် အားကစားပွဲများကိုစီစဉ်ပြီး အိမ်ရှင်နိုင်ငံ၏ ပြင်ဆင်မှုများကို ကြီးကြပ်သည်။ ၁၉၀၄ခုနှစ်မှ စတင်၍ အိုလံပစ် ပြိုင်ပွဲတိုင်းတွင် ပထမဆုများကို ရွှေတံဆိပ် ၊ ဒုတိယဆုများကို ငွေတံဆိပ်များနှင့် ကြေးတံဆိပ်များကို တတိယဆု အတွက် ချီးမြှင့်သည်။ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို နွေရာသီအိုလံပစ်ပြိုင်ပွဲ၏ အောင်မြင်မှုအရ ကျင်းပခဲ့ခြင်းဖြစ်သည်။

၁၈၉၆ ခုနှစ်တွင် နိုင်ငံ(၁၄)နိုင်ငံမှ အမျိုးသားပြိုင်ပွဲဝင် (၂၄၁)ဦးဖြင့် ပြိုင်ပွဲပေါင်း (၄၂)မျိုးကို ကျင်းပခဲ့ပြီး၊ ၂၀၂၀ ခုနှစ်တွင် နိုင်ငံပေါင်း (၂၀၆) နိုင်ငံမှ အားကစားနည်း (၃၃၉)နည်းဖြင့် ပြိုင်ပွဲဝင်ပေါင်း (၁၁,၃၁၅)ဦး  ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

နွေရာသီအိုလံပစ်ကို တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း (၁၉) နိုင်ငံတွင်ကျင်းပခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲအား အမေရိကန်ပြည်ထောင်စုမှ လေးကြိမ် (၁၉၀၄, ၁၉၃၂, ၁၉၈၄ နှင့် ၁၉၉၆ ခုနှစ်) ၊ ဂရိတ်ဗြိတိန်မှ သုံးကြိမ်(၁၉၀၈, ၁၉၄၈နှင့် ၂၀၁၂ ခုနှစ်) ၊ ဂရိနိုင်ငံ (၁၈၉၆ နှင့် ၂၀၀၄ ခုနှစ်)၊ ပြင်သစ်နိုင်ငံ (၁၉၀၀ နှင့် ၁၉၂၄ခုနှစ်) ၊ ဂျာမနီနိုင်ငံ (၁၉၃၆ နှင့် ၁၉၇၂ခုနှစ်)၊ ဩစတြေးလျနိုင်ငံ (၁၉၅၆ နှင့်၂၀၀၀ခုနှစ်) နှင့် ဂျပန်နိုင်ငံ (၁၉၆၄ , ၂၀၂၀ ခုနှစ်) တို့မှ နှစ်ကြိမ်စီနှင့် ဆွီဒင် (၁၉၁၂ခုနှစ်)၊ ဘယ်လ်ဂျီယံနိုင်ငံ (၁၉၂၀ ခုနှစ်)၊ နယ်သာလန်နိုင်ငံ (၁၉၂၈ ခုနှစ်)၊ဖင်လန် (၁၉၅၂ ခုနှစ်)၊ အီတလီနိုင်ငံ(၁၉၆၀ ခုနှစ်)၊  မက္ကဆီကိုနိုင်ငံ (၁၉၆၈ ခုနှစ်)၊ ကနေဒါနိုင်ငံ (၁၉၇၆ ခုနှစ်)၊ ဆိုဗီယက်ယူနီယံ (၁၉၈၀ ခုနှစ်)၊ တောင်ကိုရီးယားနိုင်ငံ (၁၉၈၈ ခုနှစ်)၊ စပိန် နိုင်ငံ (၁၉၉၂ ခုနှစ်)၊ တရုတ်နိုင်ငံ (၂၀၀၈ ခုနှစ်)နှင့် ဘရာဇီးနိုင်ငံ (၂၀၁၆ ခုနှစ်) တို့မှတစ်ကြိမ်စီ အိမ်ရှင်နိုင်ငံများအဖြစ် အသီးသီး လက်ခံကျင်းပခဲ့ကြသည်။

၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ တတိယအကြိမ် ကျင်းပမည်ဖြစ်သည်။ (IOC) သည် ၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက် လော့စ်အိန်ဂျယ်လိစ်မြို့ ၊ ကယ်လီဖိုးနီးယားပြည်နယ်ကို ကျင်းပရန် ရွေးချယ်ထားသည်။

နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲကို ဩစတြေးလျ၊ ပြင်သစ်နိုင်ငံ၊ ဂရိတ်ဗြိတိန်၊ ဂရိနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှာ နှစ်စဉ် ပုံမှန်မပျက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  အမေရိကန်ပြည်ထောင်စုသည် နွေရာသီအိုလံပစ်အတွက် ဆုတံဆိပ်ရဇယားတွင် အမြဲလိုလို ဦးဆောင်သည်။

List of Olympic Games (Summer Olympic Games) 

No.

Host Nation – City

Year

Date

Nations

Athletes

Sports

Ranking

1

Greece – Athens

1896

6.4 – 15.4

14

241

9

United States

2

France – Paris

1900

14.5 – 28.10

24

997

19

France

3

United States – Saint- Louis

1904

1.7 – 29.10

12

651

16

United States

4

Great Britain – London

1908

13.7 – 29.10

22

2008

22

Great Britain

5

Sweden – Stockholm

1912

5.5 – 22.7

28

2407

14

United States

6

Berlin

1916

Not Celebrated

7

Belgium – Antwerp

1920

20.4 – 12.9

29

2626

22

United States

8

France – Paris

1924

3.5 – 27.6

44

3089

17

9

Netherlands – Amsterdam

1928

28.7 – 12.8

46

2883

14

10

United States – Los Angeles

1932

30.7 – 14.8

37

1332

14

11

Germany – Berlin

1936

1.8 – 16.8

49

3963

19

Germany

12

Tokyo

1940

Not Celebrated

Not Celebrated

13

London

1944

14

Great Britain – London

1948

29.7 – 14.8

59

4104

17

United States

15

Finland – Helsinki

1952

19.7 – 3.8

69

4955

17

16

Australia, Sweden – Melbourne

1956

22.11 – 8.12

67

3314

17

Soviet Union

17

Italy – Rome

1960

25.8 – 11.9

83

5338

14

18

Japan – Tokyo

1964

10.10 – 24.10

93

5151

19

United States

19

Mexico – Mexico

1968

12.10 – 27.10

112

5516

17

United States

20

Federal Republic of Germany – Munich

1972

26.8 – 11.9

121

7134

19

Soviet Union

21

Canada – Montreal

1976

17.7 – 1.8

92

6084

18

22

USSR – Moscow

1980

19.7 – 3.8

80

5179

21

United States

23

United States – Los Angeles

1984

28.7 – 12.8

140

6829

21

24

Republic of Korea – Seoul

1988

17.9 – 2.10

159

8391

21

Soviet Union

25

Spain – Barcelona

1992

25.7 – 9.8

169

9356

23

Unified Team

26

United States – Atlanta

1996

19.7 – 4.8

197

10318

25

United States

27

Australia – Sydney

2000

15.9 – 1.10

199

10651

26

28

Greece – Athens

2004

13.8 – 29.8

201

10625

28

29

China – Beijing

2008

25.7 – 10.8

204

10942

28

China

30

Great Britain – London

2012

27.7 – 12.8

204

10768

26

United States

31

Brazil – Rio De Janeiro

2016

5.8 – 21.8

207

11238

28

32

Japan – Tokyo

2020

23.7 – 8.8

206

11656

33

33

France – Paris

2024

26.7 – 11.8

34

United States of America – LA

2028

21.7 – 6.8

35

Australia – Brisbane

2032

23.7 – 8.8

Loading