အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ

အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ သည် အာဆီယံနိုင်ငံများအကြား (၂) နှစ် တစ်ကြိမ် ကျင်းပသည့် အားကစားပြိုင်ပွဲ ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် ခြေ၊ လက် မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။ အပြည်ပြည်ဆိုင်ရာမသန်စွမ်း အားကစားအဖွဲ့ချုပ်၊ အာရှမသန်စွမ်းအားကစား အဖွဲ့ချုပ်များ၏ ကြီးကြပ်မှုအောက်တွင် အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည်။

သမိုင်းကြောင်း

၂၀၀၀ ခုနှစ် မေလတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပသော မလေးရှားနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အားကစားပြိုင်ပွဲသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များသည် အာဆီယံမသန်စွမ်းအားကစားပွဲနှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ်ပြီး မလေးရှား မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အားကစားပြိုင်ပွဲ ကျင်းပရန် ရည်ရွယ်ချက်များကို တင်ပြခဲ့သည်။ မသန်စွမ်းအားကစားပွဲတော်ကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အပြီးတွင် ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်မှု ပိုမိုတိုးမြှင့်ရန်နှင့် မသန်သော်လည်း စွမ်းသောသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်သည်။ 

၂၀၀၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် အာဆီယံနိုင်ငံများမှ သဘောတူညီခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် အရှေ့တောင်အာရှမသန်စွမ်းအားကစားအဖွဲ့ချုပ် စတင်ပေါ်ပေါက်လာခဲ့ပြီး ထိုင်းနိုင်ငံ မသန်စွမ်းအားကစားကော်မတီဥက္ကဋ္ဌမှာ အဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ 

ပထမဆုံးအားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး အာဆီယံ (၁၀) နိုင်ငံမှ အားကစားသမား (၆၀၀)ကျော်မှ အားကစားနည်း (၂) မျိုးကို ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၀၃ ခုနှစ် ဗီယက်နမ်ပြိုင်ပွဲတွင် အရှေ့တီမောနိုင်ငံ ပါဝင်လာခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

အထိမ်းအမှတ်တံဆိပ်မှာ ထိပ်တွင် မသန်စွမ်းအမှတ်တံဆိပ်ဖြစ်သော အမှတ်အသား ၃ ခုပါဝင်ပြီး အာဆီယံ အမှတ်တံဆိပ်ကို အောင်မြင်မှုပန်း ၂ ခက် (ပုန်းညှက်ပန်း) ဖြင့် ဝန်းရံထားသည်။ ထိုတံဆိပ်ကို ၂၀၀၈ မှစ၍သုံးခဲ့သည်။

အားကစားနည်းများ

၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မသန်စွမ်းသူများအတွက် ဖန်တီးထားသော အားကစားနည်းများအနက် (၁၉)နည်းကို ယှဉ်ပြိုင်ခဲ့ကြသည်။ 

Main sports

Athletics (2001, 2003, 2005, 2008, 2009, 2014, 2015, 2017)

Powerlifting (2003, 2005, 2008, 2009, 2011, 2014, 2015, 2017)

Judo (2005, 2008)

Chess (2005, 2008, 2009, 2011, 2014, 2015, 2017)

Target sports

Archery (2008, 2011, 2014, 2015, 2017)

Cycling (2017)

Target shooting (2008, 2015)

Wheelchair fencing (2005, 2008)

Water sports

Sailing (2009, 2015)

Swimming (2001, 2003, 2005, 2008, 2009, 2011, 2014, 2015, 2017)

Ball and Racquet sports

Badminton (2003, 2005, 2008, 2009, 2011, 2015, 2017)

Boccia (2008, 2014, 2015, 2017)

Ten-pin bowling (2009, 2011, 2015, 2017)

Five-a-side football (2014, 2015, 2017)

CP football (2014, 2015, 2017) 

Goalball (2005, 2008, 2011, 2014, 2015, 2017)

Table tennis (2003, 2005, 2008, 2009, 2011, 2014, 2015, 2017)

Wheelchair basketball (2005, 2008, 2009, 2015, 2017)

Wheelchair tennis (2005, 2008, 2009, 2011, 2014, 2017)

Sitting volleyball (2009, 2011, 2014, 2017)

List of ASEAN Para Games

No. Host Nation – City Year Date Nations Athletes Sports Ranking
1 Malaysia – Kuala Lumpur 2001 26–29 October 10 600 2 Malaysia
2 Vietnam – Hanoi 2003 21–27 December 11 800 5 Thailand
3 Philippines – Manila 2005 14–20 December 11 1000 10
4 Thailand – Nakhon Ratchasima 2008 20–26 January 11 1000 14
5 Malaysia – Kuala Lumpur 2009 15–19 August 10 1000 11
6 Indonesia – Surakarta 2011 15–20 December 11 1000 11
7 Myanmar – Naypyidaw 2014 14–20 January 10 1482 12 Indonesia
8 Singapore – Singapore 2015 3–9 December 10 1181 15 Thailand
9 Malaysia – Kuala Lumpur 2017 17–23 September 11 1452 16 Indonesia
10 Philippines 2019 Cancelled due to the COVID-19 pandemic
11 Indonesia – Solo  2022  30 July – 6 August  11  1248  14  Indonesia
12 Cambodia – Phnom Penh 2023 3-9 June 11 1453 12 Indonesia
13 Thailand-Bangkok 2026 20-26 Jan 10 1540 19
Thailand

Loading