အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Southeast Asian Games-SEA Games)သည် အဖွဲ့ဝင်နိုင်ငံများမှ (၂)နှစ်တစ်ကြိမ် အလှည့်ကျကျင်းပသည့် အားကစားပြိုင်ပွဲဖြစ်ပြီး အရှေ့တောင်အာရှဒေသ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင်ဆင်နွှဲကြသည်။ SEA Games ကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် (Southeast Asian Games Federation)မှ ထိန်းသိမ်းကွပ်ကဲကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee, IOC) နှင့် အာရှအိုလံပစ်ကောင်စီ (Olympic Council of Asia, OCA)တို့မှ ကြီးကြပ်သည်။

ပထမအကြိမ်ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံ(၆)နိုင်ငံမှ အားကစားနည်း(၁၂)မျိုးတွင် အားကစားသမားပေါင်း(၅၁၈)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၅၉ ခုနှစ် ပထမအကြိမ်ပြိုင်ပွဲမှ ၁၉၇၅ ခုနှစ် (၈)ကြိမ်မြောက်ပြိုင်ပွဲအထိ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (Southeast Asian Peninsular Games – SEAP Games) အမည်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

၁၉၇၇ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Southeast Asian Games- SEA Games)ဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

အရှေ့တီမောနိုင်ငံကို ၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက် ပြိုင်ပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခဲ့သည်။  ၂၀၁၉ ခုနှစ် အကြိမ် (၃၀)မြောက် ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပြီး အရှေ့တောင်အားရှအားကစားပြိုင်ပွဲ ကျင်းပလာခဲ့သည်မှာ  နှစ်(၆၀) တိုင်ရှိပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်ပြိုင်ပွဲအပြီးအထိ ထိုင်းနိုင်ငံတွင် (၆)ကြိမ်၊ မလေးရှားတွင် (၆)ကြိမ်၊ စင်္ကာပူတွင် (၄)ကြိမ်၊ အင်ဒိုနီးရှားတွင် (၄)ကြိမ်၊ ဖိလစ်ပိုင်တွင် (၄)ကြိမ်၊ မြန်မာနိုင်ငံတွင် (၃)ကြိမ်၊ ဗီယက်နမ်တွင် (၁)ကြိမ်၊ ဘရူနိုင်းတွင် (၁)ကြိမ်နှင့် လာအိုတွင် (၁)ကြိမ် အိမ်ရှင်နိုင်ငံများအဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

List of Southeast Asian Games

No. Host Nation-City Year Date Nations Athletes Sports Ranking
Southeast Asian Peninsular Games
1 Bangkok, Thailand 1959 12-17 December 6 518 12 Thailand
2 Yangon, Burma 1961 11-16 December 7 623 13 Myanmar
1963 Awarded to Cambodia, cancelled due to domestic political situation
3 Kuala Lumpur, Malaysia 1965 14-21 December 6 963 14 Thailand
4 Bangkok, Thailand 1967 9-16 December 6 984 16
5 Yangon, Burma 1969 6-13 December 6 920 15 Myanmar
6 Kuala Lumpur, Malaysia 1971 6-13 December 7 957 15 Thailand
7 Singapore 1973 1-8 September 7 1623 16
8 Bangkok, Thailand 1975 9-16 December 4 1142 18
Southeast Asian Games
9 Kuala Lumpur, Malaysia 1977 19-26 November 7 18 Indonesia
10 Jakarta, Indonesia 1979 21-30 September 7 18
11 Manila, Philippines 1981 6-15 December 7 1800 18
12 Singapore 1983 28 May-6 June 8 18
13 Bangkok, Thailand 1985 8-17 December 8 18 Thailand
14 Jakarta, Indonesia 1987 9-20 September 8 26 Indonesia
15 Kuala Lumpur, Malaysia 1989 20-31 August 9 2800 24
16 Manila, Philippines 1991 24 Nov-3 Dec 9 28 Indonesia
17 Singapore 1993 12-20 June 9 3000 29
18 Chiang Mai, Thailand 1995 9-17 December 10 3262 28 Thailand
19 Jakarta, Indonesia 1997 11-19 October 10 5179 36 Indonesia
20 Bandar Seri Begawan, Brunei 1999 7-15 August 10 2365 21 Thailand
21 Kuala Lumpur, Malaysia 2001 8-17 September 10 4165 32 Malaysia
22 Hanoi and Ho Chi Minh City, Vietnam 2003 5-13 December 11 5000 32 Vietnam
23 Manila, Philippines 2005 27 Nov-5 Dec 11 5336 40 Philippines
24 Nakhon Ratchasima, Thailand 2007 6-15 December 11 5282 43 Thailand
25 Vientiane, Laos 2009 9-18 December 11 3100 29
26 Jakarta and Palembang, Indonesia 2011 11-22 November 11 5965 44 Indonesia
27 Naypyidaw, Myanmar 2013 11-22 December 11 4730 37 Thailand
28 Singapore 2015 5-16 June 11 4370 36
29 Kuala Lumpur, Malaysia 2017 19-30 August 11 4709 38 Malaysia
30 Clark, Subic & Manila, Philippines 2019 30 Nov-11 Dec 11 5630 56 Philippines
31 Hanoi, Vietnam 2022 12-23 May 11 5467 40  Vietnam
32 Phnom Penh, Cambodia 2023 5-17 May 11 6210 36 Vietnam
33 Bangkok, Thailand 2025  9-20 December 10 9199 50 Thailand
34 Kuala Lumpur, Malaysia 2027
35 Singapore 2029

Loading