အာရှအားကစားပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲ (Asian Games)
အာရှအားကစားပွဲ (Asian Games)သည် လေးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အားကစားပြိုင်ပွဲ ဖြစ်သည်။ အာရှတိုက် တစ်တိုက်လုံးရှိ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။ ပထမဆုံး အာရှအားကစားပွဲကို ၁၉၅၁-ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည်။ ၁၉၅၁ ခုနှစ် အားကစားပြိုင်ပွဲမှ ၁၉၇၈ ခုနှစ် ဘန်ကောက် အားကစားပြိုင်ပွဲအထိ အာရှအားကစားအဖွဲ့ချုပ်(AGF)မှ ကြီးမှူးကွပ်ကွဲပြီး၊ ၁၉၈၂ ခုနှစ် နယူးဒေလီ အားကစားပြိုင်ပွဲမှစ၍ အာရှအိုလံပစ်ကောင်စီ (OCA)မှ အားကစားပြိုင်ပွဲကျင်းပခြင်းကို တာဝန်ယူ ကြီးမှူးကွပ်ကွဲသည်။ ဤအားကစားပွဲကို အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) မှ တရားဝင်အသိအမှတ်ပြုပြီး၊ အိုလံပစ် အားကစားပြီးလျှင် တစ်ကမ္ဘာလုံး၌ ဒုတိယအကြီးဆုံး အားကစားပြိုင်ပွဲဖြစ်သည်။
အာရှအားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့်နိုင်ငံ (၉)နိုင်ငံရှိပြီး၊ စတင်ကျင်းပသည့် ၁၉၅၁ နယူးဒေလီ အားကစားပွဲတွင် (၁၁)နိုင်ငံသာ ပါဝင်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ ဂျကာတာ-ဖလန်းပင် အားကစားပြိုင်ပွဲတို့တွင် (၄၅) နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
၁၉၅၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လက်ခံကျင်းပခဲ့သည့် အိမ်ရှင်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်သည်-
- India
- Philippines
- Japan
- Indonesia
- Thailand
- Iran
- South Korea
- China
- Qatar
Asian Games
No. | Host Nation – City | Year | Date | Nations | Athletes | Sports | Ranking |
1 | India – New Delhi | 1951 | 4.3 – 11.3 | 11 | 489 | 6 | Japan |
2 | Philippines – Manila | 1954 | 1.5 – 9.5 | 18 | 970 | 8 | |
3 | Japan – Tokyo | 1958 | 24.5 – 1.6 | 16 | 1820 | 13 | |
4 | Indonesia – Jakarta | 1962 | 24.8 – 4.9 | 12 | 1460 | 13 | |
5 | Thailand – Bangkok | 1966 | 9.12 – 20.12 | 16 | 1945 | 14 | |
6 | Thailand – Bangkok | 1970 | 9.12 – 20.12 | 16 | 2400 | 13 | |
7 | Iran – Tehran | 1974 | 1.9 – 16.9 | 19 | 3010 | 16 | |
8 | Thailand – Bangkok | 1978 | 9.12 – 20.12 | 19 | 3842 | 19 | |
9 | India – New Delhi | 1982 | 19.11 – 4.12 | 23 | 3411 | 21 | China |
10 | South Korea – Seoul | 1986 | 20.9 – 5.10 | 22 | 4839 | 25 | |
11 | China – Beijing | 1990 | 22.9 – 7.10 | 36 | 6122 | 27 | |
12 | Japan – Hiroshima | 1994 | 2.10 – 16.10 | 42 | 6828 | 34 | |
13 | Thailand – Bangkok | 1998 | 6.12 – 20.12 | 41 | 6554 | 36 | |
14 | South Korea – Busan | 2002 | 29.9 – 14.11 | 44 | 7711 | 38 | |
15 | Qatar – Doha | 2006 | 1.12 – 15.12 | 45 | 9520 | 39 | |
16 | China – Guangzhou | 2010 | 12.11 – 27.11 | 45 | 9704 | 42 | |
17 | South Korea – Incheon | 2014 | 19.9 – 4.10 | 45 | 9501 | 36 | |
18 | Indonesia – Jakarta – Palembang | 2018 | 18.8 – 2.9 | 45 | 11300 | 40 | China |
19 | China – Hangzhou | 2022 | 10.9 – 25.9 | – | – | – | – |
20 | Japan – Aichi – Nagoya | 2026 | 19.9 – 4.10 | – | – | – | – |
21 | Qatar – Doha | 2030 | – | – | – | – | |
22 | Saudi Arabia – Riyadh | 2034 | – | – | – | – |