အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Southeast Asian Games-SEA Games) သည် အဖွဲ့ဝင်နိုင်ငံ များမှ (၂) နှစ်တစ်ကြိမ် အလှည့်ကျကျင်းပသည့် အားကစားပြိုင်ပွဲဖြစ်ပြီး အရှေ့တောင်အာရှဒေသ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင်ဆင်နွှဲကြသည်။ SEA Games ကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် (Southeast Asian Games Federation) မှ ထိန်းသိမ်းကွပ်ကဲကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee, IOC) နှင့် အာရှအိုလံပစ်ကောင်စီ (Olympic Council of Asia, OCA) တို့မှ ကြီးကြပ်သည်။
ပထမအကြိမ်ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံ (၆) နိုင်ငံမှ အားကစားနည်း (၁၂) မျိုးတွင် အားကစားသမားပေါင်း (၅၁၈) ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၅၉ ခုနှစ် ပထမ အကြိမ်ပြိုင်ပွဲမှ ၁၉၇၅ ခုနှစ် (၈)ကြိမ်မြောက်ပြိုင်ပွဲအထိ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (Southeast Asian Peninsular Games – SEAP Games) အမည်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
၁၉၇၇ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Southeast Asian Games- SEA Games) ဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။
အရှေ့တီမောနိုင်ငံကို ၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် (၂၂) ကြိမ်မြောက် ပြိုင်ပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်။ ၂၀၁၉ ခုနှစ် အကြိမ် (၃၀)မြောက် ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပြီး အရှေ့တောင်အားရှအားကစားပြိုင်ပွဲ ကျင်းပလာခဲ့သည်မှာ နှစ်(၆၀) တိုင်ရှိပြီးဖြစ်သည်။
၂၀၁၉ ခုနှစ်ပြိုင်ပွဲအပြီးအထိ ထိုင်းနိုင်ငံတွင် (၆) ကြိမ်၊ မလေးရှားတွင် (၆ ) ကြိမ်၊ စင်္ကာပူတွင် (၄) ကြိမ်၊ အင်ဒိုနီးရှားတွင် (၄) ကြိမ်၊ ဖိလစ်ပိုင်တွင် (၄) ကြိမ်၊ မြန်မာနိုင်ငံတွင် (၃) ကြိမ်၊ ဗီယက်နမ်တွင် (၁) ကြိမ်၊ ဘရူနိုင်းတွင် (၁) ကြိမ်နှင့် လာအိုတွင် (၁) ကြိမ် အိမ်ရှင်နိုင်ငံများအဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
List of Southeast Asian Games
No. |
Host Nation – City |
Year |
Date |
Nations |
Athletes |
Sports |
Ranking |
Southeast Asian Peninsular Games |
|||||||
1 |
Bangkok, Thailand |
1959 |
12–17 December |
6 |
518 |
12 |
Thailand |
2 |
Yangon, Burma |
1961 |
11–16 December |
7 |
623 |
13 |
Myanmar |
1963 Awarded to Cambodia, cancelled due to domestic political situation |
|||||||
3 |
Kuala Lumpur, Malaysia |
1965 |
14–21 December |
6 |
963 |
14 |
Thailand |
4 |
Bangkok, Thailand |
1967 |
9–16 December |
6 |
984 |
16 |
|
5 |
Yangon, Burma |
1969 |
6–13 December |
6 |
920 |
15 |
Myanmar |
6 |
Kuala Lumpur, Malaysia |
1971 |
6–13 December |
7 |
957 |
15 |
Thailand |
7 |
Singapore |
1973 |
1–8 September |
7 |
1623 |
16 |
|
8 |
Bangkok, Thailand |
1975 |
9–16 December |
4 |
1142 |
18 |
|
Southeast Asian Games |
|||||||
9 |
Kuala Lumpur, Malaysia |
1977 |
19–26 November |
7 |
– |
18 |
Indonesia |
10 |
Jakarta, Indonesia |
1979 |
21–30 September |
7 |
– |
18 |
|
11 |
Manila, Philippines |
1981 |
6–15 December |
7 |
1800 |
18 |
|
12 |
Singapore |
1983 |
28 May – 6 June |
8 |
– |
18 |
|
13 |
Bangkok, Thailand |
1985 |
8–17 December |
8 |
– |
18 |
Thailand |
14 |
Jakarta, Indonesia |
1987 |
9–20 September |
8 |
– |
26 |
Indonesia |
15 |
Kuala Lumpur, Malaysia |
1989 |
20–31 August |
9 |
2800 |
24 |
|
16 |
Manila, Philippines |
1991 |
24 Nov – 3 Dec |
9 |
– |
28 |
Indonesia |
17 |
Singapore |
1993 |
12–20 June |
9 |
3000 |
29 |
|
18 |
Chiang Mai, Thailand |
1995 |
9–17 December |
10 |
3262 |
28 |
Thailand |
19 |
Jakarta, Indonesia |
1997 |
11–19 October |
10 |
5179 |
36 |
Indonesia |
20 |
Bandar Seri Begawan, Brunei |
1999 |
7–15 August |
10 |
2365 |
21 |
Thailand |
21 |
Kuala Lumpur, Malaysia |
2001 |
8–17 September |
10 |
4165 |
32 |
Malaysia |
22 |
Hanoi and Ho Chi Minh City, Vietnam |
2003 |
5–13 December |
11 |
5000 |
32 |
Vietnam |
23 |
Manila, Philippines |
2005 |
27 Nov – 5 Dec |
11 |
5336 |
40 |
Philippines |
24 |
Nakhon Ratchasima, Thailand |
2007 |
6–15 December |
11 |
5282 |
43 |
Thailand |
25 |
Vientiane, Laos |
2009 |
9–18 December |
11 |
3100 |
29 |
|
26 |
Jakarta and Palembang, Indonesia |
2011 |
11–22 November |
11 |
5965 |
44 |
Indonesia |
27 |
Naypyidaw, Myanmar |
2013 |
11–22 December |
11 |
4730 |
37 |
Thailand |
28 |
Singapore |
2015 |
5–16 June |
11 |
4370 |
36 |
|
29 |
Kuala Lumpur, Malaysia |
2017 |
19–30 August |
11 |
4709 |
38 |
Malaysia |
30 |
Clark, Subic & Manila, Philippines |
2019 |
30 Nov – 11 Dec |
11 |
5630 |
56 |
Philippines |
31 |
Hanoi, Vietnam |
2022 |
12 – 23 May |
11 |
5467 |
40 |
Vietnam |
32 |
Phnom Penh, Cambodia |
2023 |
5 – 17 May |
11 |
6210 |
36 |
Vietnam |
33 |
Bangkok, Thailand |
2025 |
– |
– |
– |
– |
|
34 |
Kuala Lumpur, Malaysia |
2027 |
– |
– |
– |
– |
|
35 |
Singapore |
2029 |
– |
– |
– |
– |
– |