အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်အားပေးဆုချီးမြှင့်

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်အားပေးဆုချီးမြှင့် ရန်ကုန်၊ ဇွန်လ(၂၉)ရက်နေ့။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ့(၁၅း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးဝင်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ပါသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၁၀ မီတာလေပစ္စတိုအမျိုးသား (တစ်ဦးချင်း)ပြိုင်ပွဲ၊ ၁၀ မီတာ လေပစ္စတို အမျိုးသား(အသင်းလိုက်) ပြိုင်ပွဲ၊ ၁၀ မီတာလေရိုင်ဖယ်အမျိုးသား(တစ်ဦးချင်း) ပြိုင်ပွဲ၊ ၁၀ မီတာ လေရိုင်ဖယ် အမျိုးသား(အသင်းလိုက်)ပြိုင်ပွဲ၊ […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကျင်းပ တောင်ကြီး၊ဇွန်လ(၁၆)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများလူစစ်ဆေးခြင်းကို ယနေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို နံနက်(၁၀:၁၅)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး မှ ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယအကြိမ် ညီလာခံတက်ရောက်

Loading

နေပြည်တော်၊ ဇွန်(၁၀)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် (၄၃)ကြိမ်မြောက် ဒုတိယအကြိမ်ညီလာခံကို ယနေ့ ညနေ(၅)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multi-purpose Hall) ၌ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ရိုးရာခြင်းလုံးအားကစားနည်းသည် မြန်မာတို့၏ ကိုယ်ပိုင်အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရိုးရာအားကစားနည်းများကို ဖော်ထုတ်ပြီး နိုင်ငံတကာသို့ ထိုးဖောက်ရန်ကြိုးစားလျက်ရှိကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးသမိုင်းကြောင်းများ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများနှင့် အားကစား သမားများ လိုက်နာရမည့် Rules and Regulations များကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် စနစ်တကျ ပြုစုထားရန်လိုကြောင်းနှင့် […]

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ ဇွန် (၉) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်၏ အနာဂါတ်သားကောင်းများ အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (အလွတ်တန်း) ဘိလိယက်/စနူကာ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၉)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအားကစားအဖွဲ့ချုပ်မှ နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများမှ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Gold Medal Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားစီမံကိန်းနှင့်သုတေသန ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ် ရိုးရာခြင်းလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ (၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၂-၂၀၂၃ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ မှ ဥက္ကဌများ ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံ ရေကူးသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား

Loading

နေပြည်တော်၊ မေ (၂၇) ရက်။ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အခြေခံအားကစားနည်းများကို လေ့လာလိုက်စားပြီး အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေး မြင့်မားသည့် အားကစားမောင်/မယ်များ ထွက်ပေါ် လာစေရေးကို ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံ ရေကူးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၈:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန် ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မျိုးဆက်သစ် ရေကူး အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အရေးကြုံက သက်လုံကောင်းစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်အား တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မိဘပြည်သူများကဂုဏ်ပြုကြိုဆို

Loading

ရန်ကုန်၊ မေလ (၂၀) ရက်။ ၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်သည် ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ […]

အာဆီယံလူငယ်စကားဝိုင်း (ASEAN Youth Debate 2022)အတွက် အကြိုရှင်းလင်းခြင်း အခမ်းအနားကျင်းပ

Loading

အာဆီယံလူငယ်စကားဝိုင်း (ASEAN Youth Debate 2022)အတွက် အကြိုရှင်းလင်းခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ မေ(၁၇)။ ၂၀၂၂ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိကမ္ဘောဒီးယားနိုင်ငံ၊ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ “စိန်ခေါ်မှုများကိုအတူရင်ဆိုင်ဖြေရှင်းကြစို့” ခေါင်းစဉ် ဖြင့် ကျင်းပပြုလုပ်မည့်ပထမအကြိမ်၊အာဆီယံလူငယ်စကားဝိုင်း (ASEAN Youth Debate 2022)အတွက် အကြို ရှင်းလင်းခြင်းအခမ်းအနားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် (၁၇.၅.၂၀၂၂) ရက်နေ့၊အင်္ဂါနေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာ ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနအသီးသီးမှ လူငယ် ကိုယ်စားလှယ်များ အနေနှင့် အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ တွင် ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိတို့၏ အတွေ့ အကြုံ […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလံလွှင့်တင်ခြင်း အခမ်းအနားကျင်းပ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလံလွှင့်တင်ခြင်း အခမ်းအနားကျင်းပ ဗီယက်နမ်၊ မေ (၁၁)။ ဗီယက်နမ်နိုင်ငံ၌ မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလံလွှင့်တင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ My Dinh National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင်သော အဖွဲ့ဝင် (၂၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမော […]