Wushu Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Wushu Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၁၁ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ပူးပေါင်း ဖွင့်လှစ်သည့် Wushu Rules & Regulations Update Workshop တွင် တက်ရောက် လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြချုပ် စုစုပေါင်း(၃၃)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်း အလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် […]
ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ အောက်တိုဘာလ ၈ ရက်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့တွင် ကျင်းပပြုလုပ်မည့်ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံ ( 2nd China – ASEAN International Conference on Physical Fitness and Health Promotion)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ ကိုယ်စားလှယ်(၂)ဦးတို့သည် ယနေ့မွန်းလွဲ (၁၃:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU- 9642 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ် တောင်ကြီး၊ အောက်တိုဘာလ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသမီးကိုယ်လုံပညာ သင်တန်းအား ယနေ့ မွန်းလွဲ ၁၄:၃၀ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်လှစ်ရာသို့ ရှမ်းပြည်နယ်အမျိုးသမီးရေးရာနှင့် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ ဥက္ကဌ ဒေါ်ထားထားဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်ဇနီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းသူများအနေဖြင့် မိမိကိုယ်ကိုပြန်လည်ခုခံကာကွယ်နိုင်စေရန်ရည်ရွယ်၍ ၇.၁၀.၂၀၂၄ ရက်နေ့မှ စတင်ကာ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအား သင်တန်းသူစုစုပေါင်း(၁၆)ဦးတက်ရောက်နေကြပြီး အဆိုပါသင်တန်းကို ၁၁.၁၀.၂၀၂၄ ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
Futsal Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Futsal Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၅ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ် Rules & Regulations Update Workshop တွင် တက်ရောက်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြချုပ် စုစုပေါင်း(၄၄)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ […]
၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၅)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၅.၁၀.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ်လည်းကောင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ […]
Football Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Football Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၄ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံး Rules & Regulations Update Workshop တွင် တက်ရောက်လျက်ရှိသော ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြချုပ် စုစုပေါင်း(၄၀)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်း အလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇) ကြိမ်မြောက် […]
ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာ

ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၂ ။ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနက ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် တက်ရောက်နေသည့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမ (၁၀၀)ဦးနှင့် သင်တန်းအုပ်ချုပ်သူ(၅)ဦး စုစုပေါင်းအင်အား(၁၀၅)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူ ရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၁)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံအမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံအမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရစ်ကက်အားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံ အမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ၃၀.၉.၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်မှစတင်ကာ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ […]
ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ ထားဝယ် စက်တင်ဘာ ၂၄။ နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ (ကိုယ်စား)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က လူငယ်များအနေဖြင့်အနာဂတ်တွင် အောင်မြင်သောလူငယ်များ ဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသောစာပေနှင့် အသိပညာဗဟုသုတများဆည်းပူး လေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူ အချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီးအမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပကလာရောက်ဟောပြော ပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က […]