အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Loading

မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ မိုင်းရှူး၊ သြဂုတ် (၂၈)။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာ‌ရေးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု က လူငယ်နှင့်ရည်မှန်းချက်များ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပြီး၊ ‌အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစားနည်းဆိုင်ရာများနှင့် အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့်အကျိုး‌ကျေးဇူးများအကြောင်း ဟောပြောခဲ့ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက တာဝန်ခံဆရာမ ထံ အားကစားပစ္စည်းများဖြစ်သော ပိုက်ကျော်ခြင်း/ဘောလီဘော များ‌လှူတန်းပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ တောင်ကြီး၊ ဩဂုတ်လ(၂၉)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၂၉.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့က ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို(၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို(၂)ဂိုး (၁)ဂိုးဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၇) မခိုင်သဇင်မြင့်နှင့် မွန်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၁) မသဇင်မိုးတို့ ရရှိခဲ့ကြသည်။ အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်(ကြီးကြပ်) ဦးလှတင့်နှင့် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။ (၃၀.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်း တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် […]

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပခဲ့သော Asia Junior Sports Exchange Game 2023 Para ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တတိယဆုရရှိ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိ

Loading

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပခဲ့သော Asia Junior Sports Exchange Game 2023 Para ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တတိယဆုရရှိ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိ ရန်ကုန်၊ သြဂုတ်လ (၂၉)ရက်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ၊ ၂၃ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Asia Junior Sports Exchange Game 2023 Para ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Para ကြက်တောင်အားကစားသမား မောင်သူရအောင်သည် မြို့တော်အလိုက် အဆင့်(၃)ဖြင့် တတိယဆုရရှိခဲ့သည်။ ပြိုင်ပွဲအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးအောင် ခေါင်းဆောင်သည့်အဖွဲ့သည် ယနေည ၆နာရီ လေယာဥ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းနိုင်ဦးနှင့်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြောင်းသိရှိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ တောင်ကြီး ဩဂုတ်လ(၂၈)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၂၈.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်း‌ဒေသကြီအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ နေပြည်တော်တိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်တနင်္သာရီတိုင်း‌ဒေသကြီအသင်းကို(‌၄)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ နေပြည်တော်တိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းကို (၆)ဂိုး (၁)ဂိုးဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ဧရာဝတီတိုင်း‌ဒေသကြီးအသင်းမှ ကျောနံပါတ်(၇) အင်ကြင်းခိုင်နှင့် နေပြည်တော်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၁) ဝင်းစန္ဒာတို့မှ ရရှိခဲ့ကြသည်။ အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးနေလင်းဦးနှင့် ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီဥက္ကဌ ဦးခင်မောင်လွင်ကြီးမှ လည်းကောင်းဆုများပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ (၂၉.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့က […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ တောင်ကြီး၊ ဩဂုတ် (၂၇)။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ပြည်နယ်အားကစားကွင်းနှင့် တောင်ကြီးတက္ကသိုလ်ကွင်းများတွင် ဆက်လက်ကျင်းပလျက်ရှိရာ ၂၅-၈-၂၀၂၃ ရက်နေ့ ပွဲစဉ်များတွင် ကချင် ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို(၂)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို(၄)ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ကချင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၁) ဂျာတွယ်ဘောက်နှင့် မကွေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၈) မြနှင်း‌ဝေတို့ ရရှိခဲ့ကြသည်။ ၂၆-၈-၂၀၂၃ ရက်နေ့ ပွဲစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို(၄)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို(၅)ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၁) […]

၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ သြဂုတ်လ (၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ ၊ သင်တန်းနည်းပြ ဆရာများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသူများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းမှ သင်တန်းဆင်း အမှာစကားများပြောကြားပြီးနောက် သင်တန်းဆင်းလက်မှတ်ချီးမြှင့်ရာ သင်တန်းသူများကိုယ်စား တစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် သင်တန်းထူးချွန်ဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ရာ ပထမဆုရရှိသည့် ကသ-၃၈ မသျှားထက်နီ (ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသည့် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ပြည်နယ်အားကစားကွင်းတွင် ရခိုင်ပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁)ဂိုး (၀)ဖြင့် နေပြည်တော်အသင်းမှ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို နေပြည်‌တော်အသင်းမှ ကျောနံပါတ် (၇) ကေသွယ်ဖြိုးဦးမှ ရရှိခဲ့ပြီး အမျိုးသမီးအားကစားဆပ်ကော်မတီ ဥက္ကဌ ဒေါ်ဥမ္မာနေထွန်းမှလည်းကောင်း၊ တောင်ကြီးတက္ကသိုလ်ကွင်းတွင် ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၃)ဂိုး (၀)ဖြင့် ရန်ကုန်တိုင်းအသင်းမှ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုကို ရန်ကုန်တိုင်းအသင်းမှ ကျောနံပါတ်(၈) ယဉ်မင်းဖြူမှ ရရှိခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ (၂၅.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် ( ပြည်နယ်ကွင်း) ၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး […]

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

မော်လမြိုင်၊ သြဂုတ်လ(၂၄)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ရိုးရာခြင်းလုံးအသင်း ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ လာရောက်ကူညီဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် တတိယဆုရရှိသော သထုံမြို့နယ်အား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး […]

မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲအခမ်းအနားကျင်းပ

Loading

မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲအခမ်းအနားကျင်းပ မော်လမြိုင်၊ဩဂုတ်လ(၂၃)ရက်။ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၁:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ဥပဒေချုပ်ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် များနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ သင်တန်းသားများအား နှုတ်ခွန်းဆက်အမှာ စကားပြောကြားရာတွင် ဒီကနေ့ကျင်းပတဲ့ […]

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ သြဂုတ်လ(၂၃)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာခြင်းလုံးခတ် အားကစားနည်းဟာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ပေါ်ပေါက်ခဲ့ပြီး၊ အလွန်ပင်ရှေးကျသော အားကစားနည်း တစ်ရပ်ဖြစ်ကြောင်း၊ အားကစားနည်းများကို ယခုအချိန်ထိ လက်ဆင့်ကမ်း သယ်ဆောင်လာကြပြီး တိုးတက်အောင် လုပ်ဆောင်ခဲ့ကြသူများကို လေးစားချီးကျူးမိပါကြောင်း၊ ခြင်းလုံးအားကစားနည်းဟာ ငွေကြေးအကုန်အကျသက်သာပြီး လွန်စွာမှအကျိုးရှိသည့် […]