အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ပဲခူး၊ ဧပြီလ(၂၂)ရက်။ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်းသည် နိုင်ငံအတွက်၊ မြန်မာ့အားကစားလောကအတွက် အကျိုးထူးများမလွှဲမသွေရရှိနိုင်မှာဖြစ်သောကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့ရဲ့ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသည့်လူတော်လူကောင်းများဖြစ်လာစေဖို့ ဆက်လက်ပြီးစဥ်ဆက်မပြတ်ဖွင့်လှစ်ပေးမည့် နွေး၊မိုး၊ဆောင်းနှစ်လုံးပေါက် အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးပေးသွားဖို့လိုကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့သိုင်း၊ ကရာတေးဒို၊ Fitness Dance အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသကြပြီး သရုပ်ပြအားကစားအဖွဲ့များအား ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ […]

၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ထားဝယ်မြို့၊ ဧပြီ ၂ ရက်။ ၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၀၉:၀၀ နာရီအချိန် ထားဝယ်မြို့ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်မိန့်ခွန်း ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ တနင်္သာရီမြို့နယ်အသင်းနှင့် ထားဝယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား အသင်း […]

၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ ထားဝယ်၊ ဧပြီလ(၂၂)ရက်။ ၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့(၁၄:၀၀) နာရီအချိန်က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်းလူဦးရေ(၃၄၁)ခန့် တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးစိုးမိုးနိုင်ကသင်တန်းများ ဖွင့်လှစ်မည့် အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး Fitness Dance […]

၂၀၂၄ခုနှစ်၊ နွေရာသီ အဆင့်မြင့်အားကစားသင်တန်းများဖွင့်ပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ်၊ နွေရာသီ အဆင့်မြင့်အားကစားသင်တန်းများဖွင့်ပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ ဧပြီ(၂၂)ရက်။ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်းမှုကိုခံယူကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲနှင့် လူငယ်ရေးရာဟောပြောပွဲအခမ်းအနားများကို (၂၂.၄.၂၀၂၄) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး […]

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ မဟာသင်္ကြန်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ မဟာသင်္ကြန်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဧပြီ ၉ ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ လမ်းညွှန်မှုများကိုခံယူကာ ပြည်နယ်အတွင်း ဂေါက်သီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တောင်ကြီးဂေါက်ကလပ်တို့ မှ ကြီးမှူးကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ မဟာသင်္ကြန်အထိမ်းအမှတ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၆း၀၀)နာရီအချိန်တွင် တောင်ကြီးဂေါက်ကွင်း၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ […]

2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဧပြီ(၈)ရက်။ ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားနည်းအဆင့်အတန်း ပိုမိုတိုးတက်စေရေးနှင့် မြန်မာနိုင်ငံ သဲသောင်ပြင်နှင့် ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး ၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဖြူစိမ်းအားကစားပစ္စည်းဆိုင်မှ အဓိကကူညီပံ့ပိုးကာ 2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၈.၄.၂၀၂၄ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် ခရစ်ကက် (အမျိုးသား/အမျိုး သမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

နေပြည်တော်၊ ဧပြီ(၃)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄) တို့တွင် ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကက်(အမျိုး သမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ရလဒ်(၁၃)မှတ်အသာဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ်(၃)ဦးအသာဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၉၈)မှတ်အသာ […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား)ပြိုင်ပွဲ Plate Grouping Relegation Matches ပွဲစဉ်နှင့် တတိယလုပွဲ ပွဲစဉ် ဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား)ပြိုင်ပွဲ Plate Grouping Relegation Matches ပွဲစဉ်နှင့် တတိယလုပွဲ ပွဲစဉ် ဆက်လက်ကျင်းပ နေပြည်တော်၊ ဧပြီ(၂)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား) ပြိုင်ပွဲ Plate Grouping Relegation Matches ပွဲစဉ်နှင့် တတိယလုပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို […]

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ပဲခူး၊ ဧပြီလ(၁)ရက်။ မျိုးဆက်သစ်အားကစားသမား များစွာပေါ်ထွက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူ မောင်မယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများ ကိုယ်စားနည်းပြဆရာ(၂)ဦးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဘောလုံး၊ ကရာတေးဒို၊ Fitness Dance နှင့် စားပွဲတင်တင်းနစ်အားကစားနည်းတို့မှ သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ဘတ်စကက်ဘော၊ မြန်မာ့သိုင်းနှင့် တင်းနစ်အားကစားနည်းတို့မှ […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား)အကြိုဗိုလ်လုပွဲ ပွဲစဉ်နှင့် (အမျိုးသား/အမျိုးသမီး) Plate Grouping Relegation Matches ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား)အကြိုဗိုလ်လုပွဲ ပွဲစဉ်နှင့် (အမျိုးသား/အမျိုးသမီး) Plate Grouping Relegation Matches ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဧပြီ(၁)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုး သား/အမျိုးသမီး)အကြိုဗိုလ်လုပွဲပွဲစဉ်များနှင့် Plate Grouping Relegation Matches ပြိုင်ပွဲ ပွဲစဉ်များ ကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည် တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား) အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် […]