(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (ခွန်ဘိုကာတာ)နှင့် ခြင်းလုံးအားကစားနည်းများမှ ရွှေတံဆိပ်ဆု (၁)ခုစီ ထပ်မံဆွတ်ခူးရရှိ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(ခွန်ဘိုကာတာ)နှင့် ခြင်းလုံးအားကစားနည်းများမှ ရွှေတံဆိပ်ဆု (၁)ခုစီ ထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေလ(၈)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (ခွန်ဘိုကာတာ)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် ဖနောင်ပင်မြို့ရှိ CHROY CHANGVAR HALL (C) ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး(၁)ယောက်နှင့် အမျိုးသား(၂)ယောက်တွဲ အတိုက်ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဘွယ်ငြိမ်းနှင့် မနီလာစိုးဦးတို့အတွဲက ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ကမ္ဘောဒီးယား နိုင်ငံမှလည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလည်းကောင်း၊ အမျိုးသမီး ဓါးကောက်စွမ်းရည်ပြပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုနှင့် အင်ဒိုနီးရှား) နိုင်ငံတို့ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၈) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၁:၂၀) နာရီ အချိန်၌ လေယာဉ်အမှတ် WE- 302 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့တွင် E-Sports အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ (၃)ဦး၊ အမျိုးသားအားကစားသမား(၁၆)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား(၂)+အမျိုးသမီး(၁)အတွဲ အတိုက်ပြိုင်ပွဲတွင် မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဖွယ်ငြိမ်းနှင့် မနီလာစိုးဦးတို့က ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား ဓါးတစ်လက်အပြပြိုင်ပွဲတွင် မောင်အိုက်စိုးလင်းက ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး လက်သိုင်းအပြပြိုင်ပွဲတွင် မသိင်္ဂဝင်းကျော်က […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို ရန်ကုန်၊ မေလ (၇) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့ပြေးခုန်ပစ်အားကစားအဖွဲ့သည် ယနေ့ည (၁၉:၂၀) နာရီ အချိန်တွင် လေယာဉ်အမှတ် 8M- 402 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာ့ပြေးခုန်ပစ်အားကစားသမား (၇)ဦး တွင် (၂၀)ကီလိုမီတာလမ်းလျှောက် (အမျိုးသား)ပြိုင်ပွဲ၌ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြားပစ်နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားတက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြားပစ်နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ မေ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြားပစ်အားကစားနည်းသည် ကိုရီးယား နိုင်ငံ၏ အားကစားနည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း (၁၉၉၅)ခုနှစ်တွင်စတင်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ကိုဖွဲ့စည်းခဲ့ပြီး အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ မြားပစ်အဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၊ […]
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023 ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပ
![]()
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023 ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပ ညောင်ရွှေ မေ(၇)။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE(2023)ကလပ်ပေါင်းစုံအမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို မေ(၇)ရက် မွန်းလွဲ(၂)နာရီက ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ဘော်လီဘောအားကစားရုံ၌ ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုလိုကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအားကစားနည်းကို ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အဖွဲ့လိုက် ကစားရသည့် ကစားနည်းဖြစ်သောကြောင့် အချင်းချင်းစည်းလုံးသီညွတ်မှု ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ Shan State Volleyball Leagueတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကစားသမားများအနေဖြင့် ပြိုင်ပွဲကာလအတွင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ပြီး […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၇) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအ့သည် ယနေ့ နေ့လယ်(၁၄း၁၅)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတိုက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား(၉)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသမီး (၆၀)ကီလို လက်ရည်စစ်ပွဲတွင် မနှင်းနန္ဒာဦးမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဓားအတိုက် အမျိုးသား(၂)ယောက်တွဲအပြပြိုင်ပွဲတွင် မောင်ရာဇာထွန်းနှင့် မောင်တင်ထူးဇော်တို့မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး ဓားတစ်လက် အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးအားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးအားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ ၇။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပလျက်ရှိသည့် ခြင်းလုံး အားကစားပြိုင်ပွဲ အမျိုးသမီး Event 2 ပွဲစဉ်၌ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ တောင်ကြီး မေ ၀၆ ။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၅)ရက်၊ ညနေ(၅)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်ရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၅၁/၂၀၂၁)ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် လူငယ်ရေးရာဦးစီးဌာနကို ထပ်မံဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး […]