အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ခွန်ခမာအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ခွန်ခမာအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၁)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် Chroy Changvar Convention Centre, Hall (A)၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားနည်းမှ ကျန့်စု အမျိုးသမီး နှစ်ဖက်သွားဓားပြိုင်ပွဲနှင့် ချန့်စု-လှံရှည်ပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် မလေးရှား)နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မစန္ဒီဦးက ရမှတ်(၉.၆၀၃)မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ Morodok Elephant Hall (1) ၌ ကျင်းပလျက်ရှိသည့် ခွန်ခမာ(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည် ရောက်ရှိကြိုဆို

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ မေလ(၁၁)။ ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ (၅)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့‌ လေယာဉ်အမှတ် UB7022 မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ မေ(၁၁)။ မျိုးဆက်သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူး သင်တန်းအမှတ်စဉ်(၃/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ တာဝန်ရှိသူများနှင့် မိဘများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်းမှ မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန် […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ ရန်ကုန်၊ မေလ (၁၁) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ မြန်မာအားကစား အဖွဲ့သည် ယနေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7021 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစား နှင့်ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအာကစားနည်းမှ ရွှေတံဆိပ်(၂) ခု၊ ဘိလိယက်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအာကစားနည်းမှ ရွှေတံဆိပ်(၂) ခု၊ ဘိလိယက်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၀)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက်(၈)နာရီခွဲတွင် ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ရာ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ပိုက်ကျော်ခြင်းအားကစားနည်း (အမျိုးသား)ဂွင်းသွင်း ခြင်းခတ်ပြိုင်ပွဲတွင် (မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်သန်းဇော်ဦး၊ မောင်သိန်းဇော်မင်း၊ မောင်အောင်ဇော်၊ မောင်အောင်ကျော်မိုး၊ မောင်ကျော်ဇေယျာဝင်း၊ မောင်ဇင်ကိုကို တို့အတွဲက ရမှတ် (၆၈၀)မှတ်ဖြင့် ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်နှင့်စနူကာ အာကစားနည်းမှ ရွှေတံဆိပ် (၁) ခု နှင့် ခြင်းလုံးအားကစားနည်းတို့မှ ရွှေတံဆိပ်(၂) ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်နှင့်စနူကာ အာကစားနည်းမှ ရွှေတံဆိပ် (၁)ခုနှင့် ခြင်းလုံးအားကစားနည်းတို့မှ ရွှေတံဆိပ်(၂)ခု ထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၉)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက်(၈)နာရီခွဲတွင် ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ရာ AEON HALL, AEON MALL SEN SOK ၌ ကျင်းပသည့် ဘိလိယက်နှင့်စနူကာ အားကစားနည်း(English Billiards Singles – (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲ၌ (မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံး၊ တင်းနစ်၊ ဘော်လီဘော(အမျိုးသမီး)၊ ကြက်တောင်၊ ခွန်ခမာအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံး၊ တင်းနစ်၊ ဘော်လီဘော(အမျိုးသမီး)၊ ကြက်တောင်၊ ခွန်ခမာအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံး၊ တင်းနစ်၊ ဘော်လီဘော (အမျိုးသမီး)၊ ကြက်တောင်၊ ခွန်ခမာအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online  စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲများတွင် ခြင်းလုံးအားကစားနည်းမှ အမျိုးသား (Event-4) ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (ခွန်ဘိုကာတာ)နှင့် ခြင်းလုံးအားကစားနည်းများမှ ရွှေတံဆိပ်ဆု (၁)ခုစီ ထပ်မံဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(ခွန်ဘိုကာတာ)နှင့် ခြင်းလုံးအားကစားနည်းများမှ ရွှေတံဆိပ်ဆု (၁)ခုစီ ထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေလ(၈)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (ခွန်ဘိုကာတာ)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် ဖနောင်ပင်မြို့ရှိ CHROY CHANGVAR HALL (C) ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး(၁)ယောက်နှင့် အမျိုးသား(၂)ယောက်တွဲ အတိုက်ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဘွယ်ငြိမ်းနှင့် မနီလာစိုးဦးတို့အတွဲက ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ကမ္ဘောဒီးယား နိုင်ငံမှလည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလည်းကောင်း၊ အမျိုးသမီး ဓါးကောက်စွမ်းရည်ပြပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုနှင့် အင်ဒိုနီးရှား) နိုင်ငံတို့ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား(၂)+အမျိုးသမီး(၁)အတွဲ အတိုက်ပြိုင်ပွဲတွင် မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဖွယ်ငြိမ်းနှင့် မနီလာစိုးဦးတို့က ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား ဓါးတစ်လက်အပြပြိုင်ပွဲတွင် မောင်အိုက်စိုးလင်းက ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး လက်သိုင်းအပြပြိုင်ပွဲတွင် မသိင်္ဂဝင်းကျော်က […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြားပစ်နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြားပစ်နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ မေ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်  အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြားပစ်အားကစားနည်းသည် ကိုရီးယား နိုင်ငံ၏ အားကစားနည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း (၁၉၉၅)ခုနှစ်တွင်စတင်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ကိုဖွဲ့စည်းခဲ့ပြီး အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ မြားပစ်အဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၊ […]