အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အငယ်တန်း ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

Loading

အငယ်တန်း ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ ရန်ကုန် ၊ ဒီဇင်ဘာ၂၅ ရ က် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်မြန်မာနိုင်ငံကြက်‌တောင်အဖွဲ့ချုပ်တို့ ပူး‌ပေါင်းကျင်းပသည့် ME&GEMS အငယ်တန်းချန်ပီယံရှစ်ကြက်‌တောင်ပြိုင်ပွဲ(ME&GEMS BADMINTON JUNIOR CHAMPIONSHIPS -2024) သက်တန်းအလိုက်ဗိုလ်လုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကိုယ‌နေ့ညနေပိုင်းက ၊ ရန်ကုန်မြို့၊ လမ်းမ‌တော်မြို့နယ် ၊ အမျိုးသားကြက်တောင်အားကစားခန်းမ၌ကျင်းပခဲ့သည်။ အမျိုးသားချန်ပီယံဗိုလ်လုပွဲ၌အသက် ၁၉နှစ်‌ အောက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ဘုန်းထက်ဇော် + ဉာဏ်ရှိုင်းလင်းအတွဲက လာဇွီးဒီကာ + သူရိန်ကျော်အတွဲကို နှစ်ပွဲ ၊ တစ်ပွဲဖြင့် အနိုင်ရရှိသွားသည်။ အဆိုပါပြိုင်ပွဲများ အပြီးတွင် အသက် ၉ နှစ်‌အောက် ၊ ၁၁ နှစ်အောက် ၊ ၁၃ နှစ်‌အောက် ၊ ၁၅ နှစ်‌အောက် ၊ ၁၇ နှစ်‌အောက် […]

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Logo ပြိုင်ပွဲ ဆုရရှိသူ ဦးစိုးသီဟကျော်နှင့် Mascot ရေးဆွဲသူ ဦးသန်းဇော်တို့သည် ယနေ့နံနက် (၁၀:၀၀) နာရီတွင် လည်းကောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လွန်ဆွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ တာဝန်ခံ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် (၃) ဦးတို့သည် ယနေ့နံနက် (၁၀:၃၀) နာရီတွင်လည်းကောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းနှင့် မြန်မာ့အားကစား မော်ကွန်း ခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား […]

5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခုဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို

Loading

5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခုဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ ဒီဇင်ဘာလ(၂၃)ရက်။ အင်ဒိုနီးရှားသမ္မတနိုင်ငံ ၊ ဘာလီမြို့တွင် ဒီဇင်ဘာ(၁၇)ရက်မှ (၂၂)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေတံဆိပ်ဆု (၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခု ဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့နံနက်(၉)နာရီ(၁၅)မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးအထောက်အကူပြုအဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများနှင့် မိဘဆွေမျိုးများက […]

ME&GEMS အငယ်တန်း ချန်ပီယံရှစ် ကြက်‌တောင်ပြိုင်ပွဲကျင်းပ

Loading

ME&GEMS အငယ်တန်း ချန်ပီယံရှစ် ကြက်‌တောင်ပြိုင်ပွဲကျင်းပ ရန်ကုန် ၊ ဒီဇင်ဘာ (၂၂)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်‌တောင်အဖွဲ့ချုပ်တို့ ပူး‌ပေါင်းကျင်းပသည့် ME&GEMS အငယ်တန်းချန်ပီယံရှစ်ကြက်‌တောင်ပြိုင်ပွဲ (ME&GEMS BADMINTON JUNIOR CHAMPIONSHIPS -2024) ကို ဒီဇင်ဘာ၂၂ရက်က ရန်ကုန်မြို့ ၊ လမ်းမ‌တော်မြို့နယ်အမျိုးသားကြက်‌‌တောင်အားကစားခန်းမ၌ နံနက် ၉ နာရီအချိန်၌စတင် ကျင်းပရာအားကစားသမား ၇၀၀‌ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင်အသက်၉နှစ်‌အောက်၊ ၁၁နှစ်‌အောက် ၊ ၁၃နှစ်‌အောက် ၊ ၁၅နှစ်အောက် ၊ ၁၇နှစ်‌အောက် ၊ ၁၉နှစ်အောက် အမျိုးသား ၊ အမျိုးသမီးတစ်ဦးချင်း ၊ နှစ်‌ယောက်တွဲ ၊ အမျိုးသား + အမျိုးသမီးနှစ်‌ယောက်တွဲများ ၊ ပွဲစဉ်ပေါင်း (၃၁၃)ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ ယင်းပြိုင်ပွဲ၌ပြည်နယ်နှင့်တိုင်းဒေသကြီးမှအားကစားသမားများ၊ ကလပ်ပေါင်းစုံမှ […]

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၄၀၀) ခန့်တို့သည် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့ အားကစားလှုပ်ရှားမှုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်း […]

၂၀၂၄ခုနှစ်၊ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကရာတေးအားကစားနည်း၏ အားကစားပြိုင်ပွဲအားကစားအသင်းမန်နေဂျာများအစည်းအဝေးဆက်လက်ကျင်းပ

Loading

၂၀၂၄ခုနှစ်၊ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကရာတေးအားကစားနည်း၏ အားကစားပြိုင်ပွဲအားကစားအသင်းမန်နေဂျာများအစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ဒီဇင်ဘာ၁၅ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကရာတေးအားကစားနည်း၏အသင်းမန်နေဂျာများအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်အမှတ်(၃)၊စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)၌ကျင်းပခဲ့သည်။ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှအားကစားသမားများသည်ကြိုတင်ဖြန့်ဝေအသိပေးထားသောစည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကရာတေးပြိုင်ပွဲတွင်ကျား(၁၄)သင်း၊ မ(၁၄)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိTC-1 ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၄ခုနှစ်၊ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်စားပွဲတင် တင်းနစ်၊ ခြင်းလုံး၊ ဝူရှူးအားကစားနည်းများ၏ အားကစားပြိုင်ပွဲအားကစားအသင်းမန်နေဂျာများအစည်းအဝေးကျင်းပ

Loading

၂၀၂၄ခုနှစ်၊ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်စားပွဲတင် တင်းနစ်၊ ခြင်းလုံး၊ ဝူရှူးအားကစားနည်းများ၏ အားကစားပြိုင်ပွဲအားကစားအသင်းမန်နေဂျာများအစည်းအဝေးကျင်းပ နေပြည်တော်၊ဒီဇင်ဘာ၁၄ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် စားပွဲတင် တင်းနစ်၊ ခြင်းလုံး၊ ဝူရှူးအားကစားနည်းများ၏အသင်းမန်နေဂျာများအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်အမှတ်(၃)၊စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)၌ကျင်းပခဲ့သည်။ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှအားကစားသမားများသည်ကြိုတင်ဖြန့်ဝေအသိပေးထားသောစည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင်ကျား(၁၂)သင်း၊ မ(၁၁)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့ထိဝဏ္ဏသိဒ္ဓိလက်ဝှေ့ရုံ၌ ကျင်းပသွားမည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ခြင်းလုံးပြိုင်ပွဲတွင်ကျား(၁၃)သင်း၊ မ(၇)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့ထိဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသွားမည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဝူရှူးပြိုင်ပွဲတွင်ကျား(၁၅)သင်း၊ မ(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့ထိရွှေကြာပင်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုး သမီး)ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် တင်းနစ်၊ ရေကူး၊ အလေးမ အားကစားနည်းများ၏ အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် Squash ရုံ၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်း များနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ကျား(၂၂)သင်း၊ မ(၂၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တို့၌ ကျင်းပသွားမည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဗိုဗီနမ်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗီုဗီနမ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၂) သင်း၊ မ(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရွှေကြာပင်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၈ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများအဖြစ် မြန်မာ့သိုင်း၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်အားကစားနည်းများနှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲများ၏ အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တို့၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်း များနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မြန်မာ့သိုင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၃)သင်း၊ မ(၁၃)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံ၌ ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၅)သင်း၊ မ(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး […]