၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲများဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် (၁၂)ရက်။ မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(C)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် (၆)ရက်။ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ သုံးယောက်တွဲအသင်းလိုက် (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းမှ တနင်္သာရီတိုင်းဒေသကြီး အသင်းကို (၃:၀) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို (၃:၀)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းကို (၂:၁)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၃:၀)ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ တနင်္သာဒေသကြီးအသင်းကို […]
၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် (၆)ရက်။ ဝန်ထမ်းများ ကိုယ်စိတ်အပန်းပြေပျော်ရွှင်စေရေး၊ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာန အချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက်မှုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှ စတင်၍ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းမှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းမှ ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို […]
၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

တောင်ကြီး၊ဇွန်လ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီး ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သော၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်များရဲ့ အကြိုဗိုလ်လုပွဲပြိုင်ပွဲများကို ၂၈.၆.၂၀၂၂ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဆက်လက်ယှဥ်ပြိုင်ကစားလျက်ရှိရာ ယနေ့ ယှဥ်ပြိုင်ကစားလျက်ရှိသော အမျိုးသားပွဲစဥ်ဖြစ်သော ရှမ်းပြည်နယ်အသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဇွန်လ(၂၈)ရက်နေ့။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ” ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိအပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားကွင်း၌ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်မှ ဥက္ကဌနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ယနေ့ပထမနေ့ပွဲစဉ်များအဖြစ် 10m Air Rifle အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် မကေဇင်ဝါဝါကို (ရန်ကုန်တိုင်းဒေသကြီး)၊ မသွယ်သွယ်ဝင်း (ဧရာဝတီတိုင်းဒေသကြီး)၊ မတင်ဇာလင်း (မန္တလေးတိုင်းဒေသကြီး)၊ မမြတ်ဆုမွန်စံ (ရှမ်းပြည်နယ်)၊ မတင်ထိပ်ထား (မန္တလေးတိုင်းဒေသကြီး)၊ မဆုလတ်ပြည့် (ရန်ကုန်တိုင်းဒေသကြီး)၊ မခင်ရတနာကျော် (ဧရာဝတီတိုင်းဒေသကြီး) ၊ မမျိုးသိင်္ဂီကျော် (ရှမ်းပြည်နယ်)၊ မသန်းသန်းစိုး (တနင်္သာရီတိုင်း ဒေသကြီး)၊ မခက်ခက်တုံ […]
၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်တွေ၊ဇွန်(၂၀)။ ၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရခိုင်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအသင်းဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ပြိုင်ပွဲဝင်အသင်း အမျိုးသား(၁၇)သင်း၊ အမျိုးသမီး(၁၇)သင်း အုပ်ချုပ်/နည်းပြ အားကစားသမားစုစုပေါင်းအင်အား (၂၅၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲကို ၁၈-၆-၂၀၂၂ ရက်နေ့မှ ၂၄-၆-၂၀၂၂ ရက်နေ့ထိ ဓညဝတီအားကစားခန်းမ၌ ကျင်းပပြုလုပ်လျှက်ရှိရာ မည်သူမဆိုအခမဲ့ လာရောက်အားပေးကြည့်ရှုနိုင်ပါသည်။
၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ (၂၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား

ပဲခူး၊ ဇွန်(၁၇)ရက်။ ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ (၂၈)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို(၁၇.၆.၂၀၂၂)ရက်နေ့၊နံနက်(၀၉:၀၀)နာရီတွင်ပဲခူးတိုင်းဒေသကြီးအားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများတက်ရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။ နှစ်ယောက်တွဲ ဗိုလ်လုပွဲတွင်ရွှေတောင်မြိုနယ်အသင်းမှ အုတ်ဖိုမြို့နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သုံးယောက်တွဲ ဗိုလ်လုပွဲတွင် နတ်တလင်းမြို့နယ်အသင်းမှ ပေါင်းတည်မြို့နယ်အသင်းကိုနှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ နှစ်ယောက်တွဲပြိုင်ပွဲတွင်အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မောင်နိုင်မြဲပိုင်၊ရွှေတောင်မြို့နယ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်မှ ဆုတံဆိပ်နှင့်ငွေသားဆုကျပ်တစ်သိန်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးရိုက်ခုတ်ဆုရရှိခဲ့သည့် မောင်ဇင်မင်းထက်၊ နတ်တလင်းမြို့နယ်၊အကောင်းဆုံးနောက်ထိန်းဆုရရှိခဲ့သည့် မောင်ရှိန်းကိုကိုအောင်၊ နတ်တလင်းမြို့နယ်၊ အကောင်းဆုံးပင့်ထောင်ဆုရရှိခဲ့သည့် မောင်ပြည့်စုံထူး၊ ပေါင်းတည်မြို့နယ်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ ဆုတံဆိပ်များနှင့် ငွေသားဆုကျပ် တစ်သိန်းစီချီးမြှင့်ခဲ့ပါသည်။ နှစ်ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အုတ်တွင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သုံးသိန်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ထွဋ်မှလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရှိခဲ့သည့် ပဲခူးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်ငါးသိန်းကို သံယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှ လည်း ကောင်း၊ […]
31st SEA Games ပြိုင်ပွဲဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ

တောင်ကြီး၊ဇွန်လ(၁၆)ရက်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲဝင် အသင်းများအားကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်အခမ်းအနားကို (၁၆.၆.၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်သူ/နည်းပြများ ၊ ပြိုင်ပွဲဝင်အားကစားသမားများ […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန်(၂၆)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ နံနက် (၈)နာရီအချိန်မှစတင်၍ အမျိုးသား (-၄၆) ကီလို၊ (၅၀-၅၄) ကီလို၊ (၆၃-၆၈ )ကီလို၊ (၆၈-၇၄) ကီလို၊ (၇၄-၈၀) ကီလို၊ အမျိုးသမီး (၄၆-၄၉) ကီလို၊ (၄၉-၅၃)ကီလို၊ (-၄၀) ကီလို၊ (+၇၃)ကီလို၊ (၆၇-၇၃)ကီလို၊ တစ်ဦးချင်းကကွက်ပြိုင်ပွဲ (အမျိုးသား)၊ တစ်ဦးချင်းကကွက်ပြိုင်ပွဲ (အမျိုးသမီး) ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။ ကကွက်အတွဲလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသွားသော မွန်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအသင်းအုပ်ချုပ်သူမှလည်းကောင်း၊ အမျိုးသား (၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော အောင်သက်နိုင် (ဧရာဝတီ)၊ ဒုတိယ ဆုရရှိသွားသော စိုင်းညီငယ်ဝင်း […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် (၁၂)ရက်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ဇွန်လ(၈)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ရှေးဦးစွာ (၃)ဦးတွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ (၂)ဦးတွဲအသင်းလိုက်တတိယဆု ရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးမှ လည်းကောင်း၊ (၂)ဦးတွဲအသင်းလိုက် ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် မှလည်းကောင်း၊ (၂)ဦးတွဲ ပထမဆုရရှိသည့် […]