အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၅)။

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒို အတိုက်၊ ကကွက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၁၄-၁-၂၀၂၃ မှ ၁၅-၁-၂၀၂၃)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံတွင် ကလပ် ၁၀ ခုမှ ပြိုင်ပွဲဝင်ကစားသမားများ ၃၈၀ ဦးခန့် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကကွက်ပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းဦးနှင့်ကလပ်ပေါင်းစုံမှတာဝန်ရှိပုဂ္ဂိုလ်များမှ လည်းကောင်း အတိုက်ပြိုင်ပွဲများတွင် ဆုရရှိသော ကစားသမားများ၊အတန်းလိုက် တံခွန်စိုက်ဆုဖလားများ၊ကကွက်တံခွန်စိုက်ဆုဖလားများ၊အကောင်းဆုံးအားကစားသမားဆုများဆုရရှိသော အားကစားသမားများအား မြန်မာ့နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်မြို့နယ်အားကစားမှူးများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အတိုက်ပြိုင်ပွဲတွင်တံခွန်စိုက်ဆုဖလားရရှိသော Wisdom Hill ကလပ်အသင်းအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး မှ လည်းကောင်းဆုများအသီးသီးပေးအပ်ခဲ့ပါသည်။