အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၄)။

ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။

အပြေးပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုကို အိသက်ထားမွန် (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို နွေယမင်းသူ(ကာကွယ်ရေးဝန်ကြီးဌာန)နှင့် တတိယဆုကို မေဇွန်ကျော်(ကာကွယ်ရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုကို မျိုးဝင်းကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို စိန်ထွန်း (ပြည်ထဲရေးဝန်ကြီးဌာန)နှင့် တတိယဆုကို နိုင်လွင်ထူး(ကာကွယ်ရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲတွင် ပထမဆုကို နွေဦးခိုင်(ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို အိသက်မွန်(ကာကွယ်ရေးဝန်ကြီးဌာန) နှင့် တတိယဆုကို ရီးမြာ(ပြည်ထဲရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသား မီတာ(၄၀၀)ပြိုင်ပွဲ တွင် ပထမဆုကို ဇူးကိုကိုဇော်(ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို ဇော်ဇော်ထွဋ်(ကာကွယ်ရေးဝန်ကြီးဌာန)နှင့် တတိယဆုကို နေထက်အောင်(စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲတွင် ပထမဆုကို ပပဦး(ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို နော်မြင့်မြင့်စန်း(ပြည်ထဲရေးဝန်ကြီးဌာန)နှင့် တတိယဆုကို သန္တာမြင့် (အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင် ပထမဆုကို နေထက်အောင် (စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)၊ ဒုတိယဆုကို ကျော်ကိုကိုလွင် (ကာကွယ်ရေးဝန်ကြီးဌာန) နှင့် တတိယဆုကို မျိုးကိုကို(ကာကွယ်ရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲတွင် ပထမဆုကို နွေဦးခိုင်(ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို ပပဦး (ကာကွယ်ရေးဝန်ကြီးဌာန)နှင့် တတိယဆုကို မြင့်မြင့်ဌေး (စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀)ပြိုင်ပွဲတွင် ပထမဆုကို သီဟနိုင် (အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန) ဒုတိယဆုကို ဇော်မင်းအောင်(ကာကွယ်ရေးဝန်ကြီးဌာန)နှင့် တတိယဆုကို ဇင်ကိုဌေး(ပြည်ထဲရေးဝန်ကြီးဌာန)တို့ကလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး မီတာ (၈၀၀)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး မင်းမင်းအောင်က လည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ပြည်ထဲရေးဝန်ကြီးဌာန ရဲမှူး စန်းစန်းစိမ့်ကလည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုလှိုင်ကလည်းကောင်း၊ အမျိုးသား မီတာ(၄၀၀)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရဲဝင်းထွန်းကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲတွင် ဆုရရှိ ကြသူများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးဦးကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း တစ်ဦးချင်းဆုဆွဲပြားများ နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများသည် ဇမ္ဗူသီရိ မြို့နယ် အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်း၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများအား ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ကျောင်းအုပ်ကြီး ဦးဝင်းနိုင်တို့မှ ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။