၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ မေလ (၈) ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှုးကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲနှင့်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ မြို့နယ်အသီးသီးမှ အားကစားမှူးများ၊ ပြည်နယ်တင်းနစ်ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြည်နယ်ပြေးခုန်ပစ်ဆပ်ကော်မတီမှ တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၈) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၁:၂၀) နာရီ အချိန်၌ လေယာဉ်အမှတ် WE- 302 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့တွင် E-Sports အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ (၃)ဦး၊ အမျိုးသားအားကစားသမား(၁၆)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို ရန်ကုန်၊ မေလ (၇) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့ပြေးခုန်ပစ်အားကစားအဖွဲ့သည် ယနေ့ည (၁၉:၂၀) နာရီ အချိန်တွင် လေယာဉ်အမှတ် 8M- 402 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာ့ပြေးခုန်ပစ်အားကစားသမား (၇)ဦး တွင် (၂၀)ကီလိုမီတာလမ်းလျှောက် (အမျိုးသား)ပြိုင်ပွဲ၌ […]
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023 ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023 ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပ ညောင်ရွှေ မေ(၇)။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE(2023)ကလပ်ပေါင်းစုံအမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို မေ(၇)ရက် မွန်းလွဲ(၂)နာရီက ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ဘော်လီဘောအားကစားရုံ၌ ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုလိုကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအားကစားနည်းကို ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အဖွဲ့လိုက် ကစားရသည့် ကစားနည်းဖြစ်သောကြောင့် အချင်းချင်းစည်းလုံးသီညွတ်မှု ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ Shan State Volleyball Leagueတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကစားသမားများအနေဖြင့် ပြိုင်ပွဲကာလအတွင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ပြီး […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ မေ (၅)။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နွေရာသီအားလပ်ရက်တွင် လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ပြီး အားကစားနည်းအလိုက် နည်းစနစ်များ မှန်ကန်စွာ သိရှိတတ်ကျွမ်းနားလည်လာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အထောက် အကူပြုစေရန်၊ အရည်အချင်းမှီ ကစားသမားများရှာဖွေပြီး နိုင်ငံတော်မှ အားထားရသည့် ရွက်ပုန်းသီး မျိုးဆက်သစ် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၅) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက် (၁၁:၂၀)နာရီအချိန်၌ လေယာဉ်အမှတ် WE-302 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့တွင် ဘိလိယက်အားကစားနည်းမှ ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌ ဦးကျော်နိုင်ဦးနှင့် အုပ်ချုပ်/ နည်းပြ (၃)ဦး၊အမျိုးသား အားကစားသမား(၇)ဦး တို့ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ မေလ (၁) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ ည(၁၉း၀၀) နာရီအချိန်၌ လေယာဉ်အမှတ် UB-7015 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး ၊မြန်မာနိင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဌဦးရဲမြင့်နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့ (၃၀)ဦး၊ ဘော်လီဘော အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဧပြီလ (၃၀) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၄း၁၅)နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၈)ဦး၊ အမျိုးသမီးအားကစားသမား (၂၀)ဦး၊ ဘော်လီဘော အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ အမျိုးသား […]
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဧပြီလ(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ည(၁၉း၀၀)နာရီအချိန်၌ လေယာဉ်အမှတ် UB-7011 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့(၂)ဦး၊ ခရစ်ကက်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသမီးအားကစားသမား (၁၅)ဦး၊ ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၈)ဦး၊ အမျိုးသားအားကစားသမား (၂၀)ဦး၊ စစ်တုရင်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား (၇)ဦး၊ အမျိုးသမီး အားကစားသမား(၂)ဦး ၊စုစုပေါင်း(၅၈)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ ရန်ကုန်၊ ဧပြီလ (၂၆)ရက်။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လှေလှော်အားကစားအဖွဲ့သည် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် ပြိုင်ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံလက်ရွေးစင်အသင်းနှင့် ပူးတွဲလေ့ကျင့်မှု ပြုလုပ်နိုင်ရန် ယနေ့ နေ့လယ်(၁၄:၁၂) နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါမြန်မာ့လှေလှော်အားကစားအဖွဲ့၌ အုပ်ချုပ်/နည်းပြ (၅)ဦး၊ အမျိုးသားအားကစားသမား (၂၄)ဦး၊ အမျိုးသမီးအားကစားသမား (၆)ဦး ၊ စုစုပေါင်း (၃၅)ဦးတို့ […]