အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

Loading

(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ပြန်လည်ရောက်ရှိ ရန်ကုန်၊ အောက်တိုဘာ(၃၀)။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်မှ (၂၈)ရက်နေ့ထိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Hangzhou မြို့၌ ကျင်းပခဲ့သည့် (၄)ကြိမ်မြောက်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိပြီးယ‌နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အတွင်း‌ရေးမှူး၊ နည်းပြ၊အုပ်ချုပ်သူနှင့် အားကစားသမားများ ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးအောင်၀င်းသိန်း၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှတာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ကျောင်းသူများကြိုဆိုကြသည်။ အဆိုပါ ပြိုင်ပွဲ၌ မြန်မာကစားသမားစိုးပေသည် အမျိုးသားမီတာ(၂၀၀)အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)နှင့် အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် ကြေးတံဆိပ်တစ်ခုစီ၊ အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် လော်လာဝင်း တို့က တတိယကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့ကြ‌ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ (၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကယားပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို(၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာလ(၂၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ပါသည်။ ယနေ့ ဘော်လီဘောအမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကယားပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကယားပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကယား ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက […]

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ အောက်တိုဘာ၂၄။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပရိတ်သတ်များတက်ရောက်အားပေးခဲ့ကြပါသည်။ ပထမဦးစွာ ဆုရအသင်းများမှ သရုပ်ပြဖျော်ဖြေခဲ့ကြပြီး Physical Fitness Dance ပြိုင်ပွဲတွင် တတိယဆုနှင့်ဒုတိယဆုရရှိသောအသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ပထမဆုရရှိသောအသင်းအား တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ (၁)ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအားစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး […]

၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ညောင်ရွှေမြို့၊ အောက်တိုဘာ ၂၃။ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပရေးကော်မတီမှ နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိရာ ဘော်လီဘောအားကစားလောကတိုးတက်လာစေရေးနှင့် မြန်မာ့လက်ရွေးစင်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၅း၀၀)နာရီအချိန်၌ ညောင်ရွှေမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ၊ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘော်လီဘောအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဥ်များကို ဆက်လက်ယှဥ်ပြိုင်ကစားကြရာတွင် ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် မိုင်းပျိုးအသင်းနှင့် သလဲဦးအသင်းတို့ ယှဥ်ပြိုင်ကစားရာ […]

(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ထွက်ခွာ

Loading

(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ(၁၆)ရက်။ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ(၂၂) ရက်နေ့မှ (၂၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ မသန်စွမ်းအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၆း၁၀)နာရီအချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနဦ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် မြန်မာနိင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ရန်နှင့် မြန်မာအားကစား အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်လှမိုး နှင့်အတူ အတွင်းရေးမှူး(၁)ဦး၊ အုပ်ချုပ်သူ/ […]

၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲကျင်းပ

Loading

၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၀)။ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားလာစေရန်နှင့် မျိုးဆက်သစ် ခြင်းလုံး အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ် နှင့်တိုင်းဒေသကြီး (အမျိုးသား) မြန်မာ့ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ (၁)နာရီမှ စ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲ ကျား(၆)ပေါက် ပွဲစဉ်များအဖြစ် မန္တလေးတိုင်း ဒေသကြီးအသင်းက ရမှတ် (၁၃၇၆)မှတ်၊ ရှမ်းပြည်နယ်အသင်းက ရမှတ် (၇၂၂)မှတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရမှတ်(၉၆၇)မှတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရမှတ်(၅၅၂)မှတ်၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းက ရမှတ်(၁၀၅၄)မှတ်၊ မွန်ပြည်နယ်အသင်းက မှတ်(၆၄၃)မှတ်၊ ကရင်ပြည်နယ် အသင်းက ရမှတ် (၅၉၀)မှတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရမှတ် […]

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ဘားအံ၊ အောက်တိုဘာ (၈)။ ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။ ဦးစွာ အမျိုးသမီးအသင်းလိုက်(၉)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲတို့တွင် ဆုရရှိသောအသင်းများက ပြန်လည်သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ကျောင်းသား၊ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲတွင်အားဖြည့်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ […]

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပ

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၈)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား(၅၄၊၆၀၊၆၇၊၇၅)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီး(၄၆၊၄၈၊၅၂၊၅၄၊၆၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၅)ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ခုတ်လျှမ်းတွမ်(ချင်း)နှင့် ဝင်းမြတ်အောင်(တနင်္သာရီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ခုတ်လျှမ်းတွမ်(ချင်း)ကလည်းကောင်း၊ ကိုကိုထွန်း(စစ်ကိုင်း)နှင့် စောလင်းအောင်(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကိုကိုထွန်း(စစ်ကိုင်း)ကလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် အေးကိုဇင်(ကရင်)နှင့် ရဲမြတ်သူ(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အေးကိုဇင်(ကရင်)ကလည်းကောင်း၊ ထွန်းလင်း(မန္တလေး)နှင့် ပြည့်ဖြိုးလှိုင်(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထွန်းလင်း(မန္တလေး)ကလည်းကောင်း၊ […]

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊အောက်တိုဘာလ (၇)။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်( ၁၀:၃၀)မိနစ်အချိန်တွင် အားကစားနှင့် ကာယပညာသိပ္ပံဝင်းအတွင်းရှိ အသင်း၏ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥက္ကဌ ဦးစိုးသိန်းနှင့် ဒုတိယဥက္ကဌများ၊အတွင်းရေးမှူးနှင့် ကော်မတီအလိုက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ အသင်းဥက္ကဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဖွဲ့စည်းခဲ့သည်မှာ (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်တဲ့အတွက် ကျင်းပမည့်စုံညီအခမ်းအနားကို အားလုံးပျော်ပျော်ရွှင်ရွှင်စည်းစည်းရုံးရုံးဆောင်ရွက်သွားကြဖို့တိုက်တွန်းလိုကြောင်း၊အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊အသင်းကြီးအနေဖြင့် ၂၀၂၄ခုနှစ်ပြက္ခဒိန်ထုတ်ဝေရန်ဆောင်ရွက်နေသည်မှာလည်း အပြီးသတ်အချောထွက်ရှိလာပြီဖြစ်တဲ့အတွက် အထိမ်းအမှတ်လည်းဖြစ် ရန်ပုံငွေလည်း အထိုက်‌ေလျာက်ပြန်လည်ရရှိမည်ဟု မျှော်လင့်မိပါကြောင်း၊လက်ရှိအသင်း၏ရန်ပုံငွေကိုလည်း သုံးသင့်တာသုံးသလိုတိုးပွားအောင်ဆောင်ရွက်နိုင်မှသာ အသင်းဝင်များ၏သာရေး၊နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသင်းအတွင်းရေးမှူး ဦးဇော်ဇော်မိုးက (၁၀)နှစ်ပြည့် စုံညီအစည်းအဝေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းမှု ၊ တာဝန်ခွဲဝေမှုများကိုရှင်းလင်းပြောကြားမှုအပေါ် တက်ရောက်လာသည့် ကော်မတီအလိုက်မြန်မာ့အားကစားလက်ရွေးစင်‌ေဟာင်းများက ပြန်လည်ဆွေနွေးပြောကြားခဲ့သည်။ ထို့နောကအွသငွးဥကကြဌ ဦးစိုးသိနွးက နိဂုံးခှုပအွမှာစကားပှောကှားရာတှငနွှဈစဉဆွောငရွှကနွကှေ […]