အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ထွက်ခွာ

ရန်ကုန်၊ အောက်တိုဘာလ(၁၆)ရက်။

၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ(၂၂) ရက်နေ့မှ (၂၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ မသန်စွမ်းအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၆း၁၀)နာရီအချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနဦ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် မြန်မာနိင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ရန်နှင့် မြန်မာအားကစား အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်လှမိုး နှင့်အတူ အတွင်းရေးမှူး(၁)ဦး၊ အုပ်ချုပ်သူ/ နည်းပြများနှင့် မသန်စွမ်းအားကစားသမားများ စုစုပေါင်း(၂၆)ဦး လိုက်ပါသွားကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ အာရှမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူးနှင့် ထိုင်လျက်ဘော်လီဘော အားကစားနည်း (၃)နည်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။