မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဧပြီ(၄)။ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံး ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်သည့် အသင်းအုပ်ချုပ်သူ/နည်းပြ(၁၄)ဦးအားကစားသမား(၂၅၃)ဦး၊ စုစုပေါင်း (၂၆၇)ဦးတို့သည် အရှေ့တောင်အာရှ၊ အာရှနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်အားများရရှိစေရန်နှင့် အတုယူ ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone) ၌ ဖွင့်လှစ်ပြသထားရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး […]
၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဧပြီ(၃)ရက်။ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားဘောလုံးအားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် ဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် များကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အုပ်စု(၄) နည်းပညာတက္ကသိုလ်(အောက်မြန်မာပြည်) ပွဲစဉ်များဖြစ်သည့် အသင်း(ဂ)နည်းပညာတက္ကသိုလ်(သန်လျင်၊ မော်လမြိုင်၊ ဘားအံ)နှင့် အသင်း(ဃ) ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မအူပင်၊ ထားဝယ်၊ မြိတ်)တို့ကလည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်)ပွဲစဉ်များဖြစ်သည့် အသင်း(က) ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မှော်ဘီ၊ တောင်ငူ)နှင့် အသင်း(ခ)ရန်ကုန်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ၊ ပုသိမ်၊ ဟင်္သာတ)တို့က လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားနေမှုများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ (၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများတွင် အထက်အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲများကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဒါဘာတွင် တင်ပြခဲ့သည့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို အကြီးအကဲများ၏ လမ်းညွှန်ချက်အတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါဘာတွင် ဝန်ထမ်းများတင်ပြလိုသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခွင့်တောင်းခံခြင်းကိစ္စများ၊ […]
နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကျင်းပ

နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကျင်းပ ရန်ကုန်၊ မတ်လ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး(အနောက်ပိုင်းခရိုင်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်များနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကို လမ်းမတော်မြို့နယ် အ.လ.က(၁)၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်တို့က အမှာစကားများ ပြောကြားကြကာ နည်းပြချုပ် ဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်အလိုက် သင်တန်းဆင်းလက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများက ရိုးရာခြင်းလုံးစွမ်းရည်များကို ခတ်ကစားပြသခဲ့ကြသည်။ ယနေ့ပြုလုပ်သည့် နွေရာသီအခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယ […]
နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲကျင်းပ

နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲကျင်းပ ရန်ကုန်၊ ဧပြီလ(၁)ရက်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းလွင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းနည်းပြများကိုယ်စား နည်းပြ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်၍ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊မတ်လ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြ မွမ်းမံသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် နည်းပြမွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကတော့ နည်းပြများအနေဖြင့် ကစားသမားများအား လေ့ကျင့်ပေးသည့်အခါတွင် လိုအပ်သည့် စာတွေ့လက်တွေ့ပိုင်းသာမက ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိစေရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် သင်ကြားပေးဖို့လိုအပ်ပါကြောင်းနှင့် ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ အနိုင်/အရှုံး၊ စံချိန်စံနှုန်းများကို တိုးတက်အောင် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ မတ် (၃၁)။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြိုင်ပွဲဝင် အားကစားအဖွဲ့များအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် အိမ်ရှင်နိုင်ငံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အားကစားနည်း(၄၀)နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး အချို့အားကစားနည်းများကို တရုတ်နိုင်ငံတွင်လည်း […]
ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်းပွဲသို့ တက်ရောက်

ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်းပွဲသို့ တက်ရောက် နေပြည်တော်၊ မတ်လ(၃၁)ရက်။ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျ နားလည်တတ်ကျွမ်းစွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရုံးစာများ ကွန်ပျူတာစာစီရာတွင် အသုံးဝင်သည့် အခြေခံ Microsoft Word, Excel, Power Point များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ရုံးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများ၊ အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ မတ်လ(၃၀)ရက်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများကို ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံအလေးမအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါ အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် အမျိုးသမီးပြိုင်ပွဲ၌ […]
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နည်းပြသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နည်းပြသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မတ်လ(၂၉)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် နည်းပြသင်တန်း(၁/၂၀၂၃)ဆင်းပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ ၌ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် နာယက ဒေါ်နီ ၊ ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်နှင့် ဦးမြင့်သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်မှအမှုဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့် က သင်တန်းဆင်းအမှာ စကားပြောကြားပြီး၊ သင်တန်းတွင်ထူးချွန်ဆုရရှိသော ပထမဆုရ […]