(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေ(၁)ခု၊ ဘောလုံး(အမျိုးသမီး) အားကစားနည်းမှ ငွေ(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁) ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေ(၁)ခု၊ ဘောလုံး(အမျိုးသမီး) အားကစားနည်းမှ ငွေ(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၅)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်း ဒေသစံတော်ချိန်(၃)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသမီး (၅၅)ကီလို ကြိမ်တုတ်အတိုက် ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မမိုးမိုးအေးက […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ် (သင်တန်းသား/သင်တန်းသူ)များအား လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ်(သင်တန်းသား/သင်တန်းသူ)များအား လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း နေပြည်တော်၊ မေလ ၁၆ ရက်။ ကျောင်းသား/ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းအခြေခံနှင့် တန်းမြင့်သင်တန်းများကို ရေကြောင်းလူငယ် သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား/သင်တန်းသူ (၇၁၂)ဦးဖြင့်လည်းကောင်း၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို သင်တန်းစခန်း(၁၇)ခု၌ သင်တန်းသား/ သင်တန်းသူ (၆၈၀)ဦးတို့ဖြင့်လည်းကောင်း၊ ဧပြီလ(၂၄)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ လူငယ်ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ အတွင်းရေးမှူး၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို ရန်ကုန်၊ မေလ (၁၄) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၉:၂၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် 8M – 402 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ပြေးခုန်ပစ်အားကစားနည်း မီတာ(၁၀၀၀၀) အမျိုးသားပြိုင်ပွဲ၌ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ၂၂ အသင်းတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ ၂၂ အသင်းတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား ကမ္ဘောဒီးယား၊ မေ ၁၅။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တတိယနေရာလုပွဲ ကစားမည့် အမျိုးသား ယူ၂၂ အသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အသင်းတို့သည် မေ ၁၅ ရက်(ယနေ့)မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ National Olympic Stadium ၌ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မြန်မာ အမျိုးသား ယူ ၂၂ အသင်းသည်လည်း မေ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအားကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအားကြိုဆို ရန်ကုန်၊ မေလ (၁၄) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့ သည် ယနေ့နံနက် (၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို လေယာဉ် အမှတ် WE – 301 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာနှင့် ဝူရှူးအဖွဲချုပ်မှ နည်းပြများ၊ ဒိုင်များနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာဝူရှူးအားကစားအဖွဲ့တွင် ရွှေတံဆိပ်ဆုရှင် […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ခုနှစ်၊ နေပြည်တေ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား တက်ရောက်ချီးမြှင့် နေပြည်တော်၊ မေ (၁၃)။ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ နေပြည်တာ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော် လယ်ဝေးမြို့နယ် အားကစားလေ့ကျင့်ရေးစခန်း(၂) (TC-2) ၌ ကျင်းပသည်။ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် (၁၂.၅.၂၀၂၃)ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့်အတူ တည်ဆောက်လျက်ရှိသော အားကစားသမား အမျိုးသား/ အမျိုးသမီး အဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကောင်းစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေမှ မိမိတို့ကျောင်းရှိ နည်းပြ/အုပ်ချုပ်သူများနှင့် နှစ်အလိုက်သင်တန်းသားရွေးချယ်မှုများနှင့် အားကစားကွင်း/အားကစားရုံများ၏ တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်းနှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ်(၁)ခုနှင့် တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ် (၂)ခု ထပ်မံဆွတ်ခူးရရှိ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ်(၁)ခုနှင့် တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ် (၂)ခု ထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၂)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အားကစားပြိုင်ပွဲများသို့ ယနေ့နံနက်(၉)နာရီတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဦးစွာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (A)၌ ကျင်းပလျက်ရှိသည့် ဝူရှူး (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲပွဲစဥ်များအဖြစ် ချန်းချွမ်(အမျိုးသမီး) မြောက်ပိုင်း လက်သိုင်းပြိုင်ပွဲတွင် (မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မစန္ဒီဦးက ပထမ(ရွှေတံဆိပ်)ဆု ကိုလည်းကောင်း၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ခွန်ခမာအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ခွန်ခမာအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၁)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် Chroy Changvar Convention Centre, Hall (A)၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားနည်းမှ ကျန့်စု အမျိုးသမီး နှစ်ဖက်သွားဓားပြိုင်ပွဲနှင့် ချန့်စု-လှံရှည်ပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် မလေးရှား)နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မစန္ဒီဦးက ရမှတ်(၉.၆၀၃)မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ Morodok Elephant Hall (1) ၌ ကျင်းပလျက်ရှိသည့် ခွန်ခမာ(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည် ရောက်ရှိကြိုဆို

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ မေလ(၁၁)။ ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ (၅)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် UB7022 မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ ၊ […]