အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့် တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင် ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ […]

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၈)။ ၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ်ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊  မီတာ(၄၀၀)၊ မီတာ(၈၀၀) အပြေးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး (Mix) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် အာဆီယံနေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် ဗဟုသုတ ဉာဏ်စမ်းအမေးအဖြေမေးခွန်း မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး မီတာ(၈၀၀) အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မကိမ်ရှန်းဒိတ်ဆာန်၊ ဒုတိယဆုရရှိသည့် မချယ်ဇင်ဝင်းနှင့် တတိယဆုရရှိသည့် မသင်းသင်းခိုင်တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းချိုကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် […]

အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

Loading

အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ တောင်ကြီး၊ သြဂုတ်-၁၇။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့်အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကိုသြဂုတ်(၁၇)ရက်မွန်းလွဲ(၂)နာရီကအား/ကာသိပ္ပံ (တောင်ကြီး) ရေကူးကန်၌ကျင်းပသည်။ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကသင်တန်းကိုဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီးအရည်သွေးမြှင့်မားသည်အားကစားမောင်မယ်များပေါ်ထွက်လာစေရန်၊ ရေကူးအားကစားနည်းမှထူးချွန်ထက်မြတ်သည့်မျိုးဆက် သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန်နှင့်အရေးကြုံကသက်လုံကောင်းစေရန်ရည်ရွယ်၍ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်ကျား(၂၁)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် လူငယ်၊လူရွယ်များ အချိန်ကို အကျိုးရှိရှိအသုံးချပြီး ငယ်ရွယ်နုပျိုစဥ်တစ်ကိုယ်ရေကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားစေရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ပြည်နယ်အတွက်အားထားရသည့် ရေကူးအားကစားသမားများ ပေါ်ထွက်လာရန်မျှော်လင့်မိပါကြောင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြများဂုဏ်ပြုခြင်း၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းသား၊ သင်တန်းသူများမှ ထူးချွန်ဆု(၂)ဆုတို့ကို ရှမ်းပြည်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်မှ ချီးမြှင့်ပေးပြီးရေကူးနည်းပြဆရာမှ ရေကူးနည်း(၄)မျိုးဖြစ်သည့် လိပ်ပြာကူး၊ ပက်လက်ကူး၊ ရင်မောင်တန်းကူး၊ အလွတ်ကူး (ခေါ်) လက်ပစ်ကူးခြင်းတို့ကို သရုပ်ပြကူခတ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူများမှလည်း သရုပ်ပြကူးခတ်ခဲ့ကြပါသည်။ […]

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက်

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ Naypyitaw State Academyမှ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆ အသိအမြင်မှန်ကန်စေရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များကို […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား နေပြည်တော်၊ ဩဂုတ်(၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ၌ အားကစားအခြေခံ ပိုင်းအား တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ/ဆရာမများအနေဖြင့်  ကျောင်းသားလူငယ်များကို အနီးကပ်ပြုစုပျိုးထောင်ပေးရသော  အရေးကြီးသည့် လက်ဦးဆရာများဖြစ်သည့်အတွက် “ အစကောင်း မှ အနှောင်းသေချာမည်” ဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအား အတွေးအခေါ်၊ အယူအဆ မှန်ကန်ပြီး စိတ်ဓာတ်ခံယူချက်ကောင်းမွန်သည့် အားကစားသမားကောင်းများဖြစ်လာစေရန်နှင့် ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ […]

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း မော်လမြိုင်၊ ဩဂုတ်လ (၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦးသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက် (သောကြာနေ့) ညနေ (၁၆:၁၅)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ ရောက်ရှိပြီး သင်တန်းသား/သင်တန်းသူများ အားကစားလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နည်းပြများအား သင်တန်းသားများ လေ့ကျင့်သင်ကြားပေးရာတွင်အခြေခံကို ပိုင်နိုင်ကျွမ်းကျင်စွာ အဓိကထား လေ့ကျင့်ရန်၊ သင်တန်းသား များ၏ ယခုလက်ရှိအသက်အရွယ်တွင် စံချိန်သည် အဓိကမဟုတ်၊ နည်းစနစ်မှန်ကန်အောင် အထူးလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ အားကစားလေ့ကျင့်ရာတွင် အားကစားအောင်နိုင်ရေးအတွက် ကြိုးစားကြရန်၊ သင်တန်းသားများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရန်၊ Youth Campနှင့် Gold Camp တို့မှတဆင့် လက်ရွေးစင်ဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် ထိုမှတဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်အတွက် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ သြဂုတ်လ(၁၁)ရက်။ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအဖြင့် မီတာ (၅၀၀) အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲနှင့် မီတာ (၅၀၀)အမျိုးသမီး (၁၀)တက်လှော်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ ဒုတိယနေ့ပွဲစဉ်အဖြစ် မီတာ(၅၀၀)(၇)တက်လှော် (အမျိုးသမီး အသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅)သိန်း […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား တက်ရောက် နေပြည်တော်၊ ဩဂုတ်(၁၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးသည့် ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ် များနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည် တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ မျိုးဆက်သစ်လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို နိုင်ငံတကာ အသိုက်အဝန်းက သိရှိနားလည်စေရန်ရည်ရွယ်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် ဩဂုတ်လ (၁၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် “ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအားဖြင့် ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှုစစ်ဆေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် (၁၁)ရက်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့် အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ကွင်းသို့ ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် […]

ဒုတိယဝန်ကြီးဦးမျိုးလှိုင်၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအားသွားရောက်ကြည့်ရှုအားပေး

Loading

ဒုတိယဝန်ကြီးဦးမျိုးလှိုင်၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး ရန်ကုန်၊သြဂုတ်လ(၁၀)ရက်။ ၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်/နည်းပြများနှင့်အားကစားသမားများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းရဲ့ရည်ရွယ်ချက်များကတော့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူအများ စိတ်ဝင်စားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ လှေလှော်အားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနဲ့ လှေလှော်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့အတွက် ဖြစ်ကြောင်း၊ Traditional Boat Race လှေလှော်အားကစားနည်းသည် […]