အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန်(၁၆)။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်ရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုက်ကွမ်ဒို အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုက်ကွမ်ဒို အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီ တိုက်ကွမ်ဒို (အမျိုးသား/ အမျိုးသမီး)အားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုရရှိနိုင်ရေးအတွက် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအားသတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများ နှင့်အညီကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် […]

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေးသို့တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေးသို့တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ ရန်ကုန်၊ ဇွန်လ(၁၆)ရက်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တို့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ်အစည်းအဝေး (1st Southeast Asian Games Federation (SEAGF) Meetings)တွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် သက်ဆိုင်ရာကော်မတီအလိုက် အဖွဲ့ဝင်တို့သည် (၁၄.၆.၂၀၂၄)ရက်နေ့တွင် The Signing Ceremony of the Host City Contract for the 33rd SEA Games Thailand 2025 နှင့် 1st SEAGF […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော် ဇွန်လ(၁၃)ရက်။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားမီတာ ၂၀၀ လွန်းပျံအလွတ်ကူး ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုနှင့် အမျိုးသမီးမီတာ ၂၀၀ လွန်းပျံအလွတ်ကူး ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ ဇွန်လ(၁၃)ရက်။ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ်အစည်းအဝေး (1st Southeast Asian Games Federation (SEAGF) Meetings) တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် သက်ဆိုင်ရာ ကော်မတီအလိုက် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နေ့လယ် (၁၂:၄၀)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-333 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေးသည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲများ စတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲများ စတင်ကျင်းပ နေပြည်တော်၊ ဇွန်(၁၂)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ရေကူးအားကစားသမားများအချင်းချင်းချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ရေကူးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ရေကူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား) မီတာ (၄၀၀) အလွတ်ကူးပြိုင်ပွဲတွင် သန့်စံ(မန္တလေး)က ပထမ၊ ဝေယံပိုင်(ရန်ကုန်)က ဒုတိယ၊ ခန့်မျိုးကျော်(ကရင်)က တတိယ၊ (အမျိုးသမီး) မီတာ (၄၀၀) အလွတ်ကူးပြိုင်ပွဲတွင် အေးသီရိလင်း(ရန်ကုန်)က ပထမ၊ မေအမရာမင်း(ရန်ကုန်)က ဒုတိယ၊ ဧဂျူးဖြူပြာ (မကွေး)က တတိယ၊ (အမျိုးသား) မီတာ (၂၀၀) […]

လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများလုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများလုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်လ(၁၂)။ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများလုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် (၁၂:၃၀)အချိန်တွင် လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် မိမိတို့ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားမှုသည် အထူးအရေးပါသည့်အတွက် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ကောင်းမွန်စွာသိရှိပြီး လုပ်ငန်းတွင်လက်တွေ့အသုံးချတတ်စေရေး လိုအပ်ပါ ကြောင်း၊ ဒီကနေ့ဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သည် လူငယ်ရေးရာဦးစီးဌာနကို စတင်ဖွဲ့စည်းပြီးနောက် […]

၂၀၂၄ ခုနှစ်၊ စားပွဲတင်တင်းနစ် (ဒိုင်/နည်းပြ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ စားပွဲတင်တင်းနစ် (ဒိုင်/နည်းပြ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၁၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ စားပွဲတင်တင်းနစ် (ဒိုင်/နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် စားပွဲတင်တင်းနစ်ကို အစပြုသူများမှာအင်္ဂလန်နိုင်ငံမှဖြစ်ကြောင်းနှင့် ၁၈၀၀ ပြည့်နှစ်က စတင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရသိရှိရပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၆၀ ပြည့်နှစ် ဝန်းကျင်က စတင်ကစားခဲ့ကြောင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်ကို ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်၊ အာရှနှင့် […]