အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်ကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ဘောလုံးကွင်းများတွင်လည်းကောင်း၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌လည်းကောင်း၊ ဘတ်စကက်ဘော(အမျိုးသား)ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံတို့၌လည်းကောင်း ကျင်းပခဲ့ရာ ပြိုင်ပွဲများသို့ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ […]

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည့်သတင်း

Loading

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည့်သတင်း

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များစတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များစတင်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၂။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်‌ရေးကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ် ဘောလုံးကွင်းများတွင်လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး)ဖူဆယ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B) တို့၌ ကျင်းပခဲ့သည်။ ယနေ့ အားကစားပြိုင်ပွဲများဖြစ်သည့် […]

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်ကြသည့် ဝန်ကြီးဌာနအဆင့် ဘောလုံး၊ ဖူဆယ်နှင့် ဘော်လီဘော အားကစားနည်းများအတွက် အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ C နှင့် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)တို့၌ အသီးသီးကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေ အသိပေးထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း (၁၉)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၁၄-၁၂-၂၀၂၄ ရက်နေ့အထိ ညနေ ၃ […]

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Loading

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “ မဲမသာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်စသည့် ဘာသာစကား ၅ မျိုးဖြင့် လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။ ၁။ မြန်မာဘာသာဖြင့် ဖတ်ရှုရန် ၂။ အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန် ၃။ တရုတ်ဘာသာဖြင့် […]

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း

Loading

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း ရန်ကုန် ၊ နို၀င်ဘာ ၃၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေးနှင့် အဖွဲ့ချုပ်‌‌အောက်၌ ဆပ်‌ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ဟိုတယ်ရွှေဂုံတိုင်(ရန်ကုန်)၌ကျင်းပသည်။ ဦးစွာမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင်နာယက ဦးစိုးတင့်ကခြင်းလုံးနှင့်ပတ်သက်၍သိကောင်းစရာများ၊‌ ရှေ့လုပ်ငန်းစဥ်များပြောကြားပြီး ဥက္ကဌဦးသက်လွင်က ဖွဲ့စည်းထားရှိမှုများအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဥက္ကဌ ဦးဝင်းတင့်က အမျိုးသားအားကစားပွဲ‌တော်တွင် သရုပ်ပြခတ်ကစားမည့်အစီအစဉ်များအားတင်ပြ၍လည်း‌ကောင်း ၊ ဒုတိယဥက္ကဌ ဦးထွန်းလင်းသောင်းက အမှာစကားပြောကြား၍လည်းကောင်း ၊ အမှုဆောင်များကခြင်းလုံးနှင့်ပက်သက်၍ အသီးသီး တင်ပြခဲ့ကြသည်။ အဆိုပါမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင် နာယက ဦးစိုးတင့်၊ ဥက္ကဌဦးသက်လွင်၊ဒုတိယဥက္ကဌများဖြစ်ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဇင်မိုး ၊ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်သည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်သည့်သတင်း

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

Loading

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၃၀)ရက်။ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဦးဆောင်၍ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ (၉) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ MGallery ဟိုတယ်၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် In-person/ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၂၉။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း (ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် တည်းခိုဆောင်များ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံ၍ အားကစားသမားများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား ကြည့်ရှုစစ်ဆေးသည့်သတင်း