ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့အား သွားရောက်ကြည့်ရှုအားပေး
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့အား သွားရောက်ကြည့်ရှုအားပေး ရန်ကုန်၊ ဇန်နဝါရီ ၁၃ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစား ကွင်း အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစားကွင်းသို့ ရောက်ရှိ ပြီး ရန်ကုန်တိုင်းဒေသကြီးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အများ ပြည်သူ လာရောက်လေ့ကျင့်နိုင်စေရေးတို့အတွက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက် ၄၄၉.၃၁၀သန်းဖြင့် အဆင့်မြင့်အားကစားရုံ(က)အဆင့် ကျန်ရှိလုပ်ငန်း (၅၀%)ရာခိုင်နှုန်း၏ […]
အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဇန်နဝါရီ ၁၂ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရာက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ရှိ အစည်းအဝေး ခန်းမ၌ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ရာ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများက (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ထောက်ပံ့ပေးအပ်မည့်ဆုကြေးငွေများအား ကြိုတင် ထုတ်ပေးထားရှိမှုများ၊ ပြိုင်ပွဲကာလအတွင်း တည်းခိုနေထိုင်စားသောက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှင်လင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က နေ့စဉ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများနှင့် ဆုတံဆိပ်ရရှိမှု အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် နေ့အလိုက်ဆုတံဆိပ်ရရှိမှု […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ ၁၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားကဏ္ဍနှင့် ပတ်သက်၍ မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့ တိုးတက်မြင့်မားရေးအတွက် လိုအပ်နေသည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန် လူရွေးချယ်ရေး၊ လေ့ကျင့်ရေးနှင့် အောင်နိုင်ရေးတို့အတွက် စနစ်တကျစီမံကိန်းရေးဆွဲဆောင်ရွက်ရန်၊ အားကစားအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့တည်ဆောက်သွားရန်နှင့် လူငယ်များ အားကစားဝန်းကျင်ကောင်း […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် တွေ့ဆုံသည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် တွေ့ဆုံသည့်သတင်း
ကရင်ပြည်နယ် ဘားအံမြို့ ကမော့ကဆင် အထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
ကရင်ပြည်နယ် ဘားအံမြို့ ကမော့ကဆင် အထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ဘားအံ၊ ဇန်နဝါရီ ၁၀ ကရင်ပြည်နယ် ဘားအံမြို့ ကမော့ကဆင်အထက်တန်းကျောင်းခွဲတွင် ယနေ့ ၁၀-၁-၂၀၁၆ ရက်နေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင် ၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုဥက္ကဌ ဦးသန်းအောင်နှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ အင်အား ၁၅၀ ဦး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင် မှ လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ မူဝါဒများနှင့် ကဏ္ဍအလိုက် ဆက်လက်ဆောက်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အတွင်းရှိ မြို့နယ်အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှုနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အတွင်းရှိ မြို့နယ်အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှုနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၁၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားအဆင့် အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော် ဥတ္တရသီရိခရိုင်အတွင်းရှိ၊ ဥတ္တရသီရိ မြို့နယ်နှင့် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများနှင့် မန္တလေးငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ VIP မှန်ခန်း အထူးတန်းပွဲကြည့်စင်၊ ဘောလုံးကွင်း၊ အားကစားရုံ (C)နှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၁၀ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏ သီရိမြို့နယ်နှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းကြမ်းဖောက်လုပ်ခြင်း၊ မြေသားပြေးလမ်း ခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရေဂါလံ ၈၀၀၀၀ ဆံ့(Ground Water Tank)တူးဖော်မည့် မြေနေရာများအားလည်းကောင်း ဥတ္တရသီရိ ခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်းအတွင်းရှိ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆို နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ တက်ရောက်သည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆို နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ တက်ရောက်သည့်သတင်း
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၈ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာ ချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှု အဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်း များ၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၊ နှစ်ဆက်လုပ်ငန်း ၁ ခုနှင့် Third Party (QA/QC) ငှားရမ်းခြင်းလုပ်ငန်း ၆ ခု၏ သက်ဆိုင်ရာကုမ္ပဏီများအား မြေပြင်၌ […]