အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား တက်ရောက်သည့် ဗီဒီယိုသတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်သည့် ဗီဒီယိုသတင်း
အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် နေပြည်တော်၊ဖေဖော်ဝါရီ (၆)ရက်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ A-3000၊ ပိုက်ကျော်ခြင်းကလပ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူးဦးဌေးအောင်၊ ပြည်ထောင်စုနယ်မြေ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက််ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးနေမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီလ(၄)ရက်။ ပြည်သူလူထုအတွင်း အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အလားအလာရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် စက်ဘီးအားကစားလောက ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ […]
ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း အားကစားသတင်းများ စုစည်းကောက်နှုတ်ချက် အတွဲ (၂)၊ အမှတ် (၁)
ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း အားကစားသတင်းများ စုစည်းကောက်နှုတ်ချက် အတွဲ (၂)၊ အမှတ် (၁)
ရှမ်းပြည်နယ် ဘော်လီဘော League ကလပ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် ဘော်လီဘော League ကလပ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ တောင်ကြီး၊ဖေဖော်ဝါရီ (၃ )ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်အမှတ်များနှင့်အညီ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် ရှမ်းပြည်နယ်အတွင်း မြန်မာ့ဘော်လီဘော အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထောက်ပံ့ပေးလျက် ထူးချွန်ထက်မြက်သော ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်အတွင်း အရည်အချင်းမြင့်မားသော ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်တို့ကို ရည်ရွယ်ပြီး ” SHAN STATE VOLLEYBALL LEAGUE (2022)” ပြိုင်ပွဲကို ( ၁. ၂. ၂၀၂၂ )ရက်နေ့ နံနက် ( ၁၀:၃၀ )နာရီအချိန်တွင် ညောင်ရွှေမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံအားကစားရုံအတွင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီလ(၃)ရက်။ ပြည်သူလူထုအတွင်း အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အလားအလာရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် စက်ဘီးအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ […]
၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ (၂)ရက်။ ၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ […]
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ဖေဖော်ဝါရီ (၂ )ရက်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်( တောင်ပိုင်း) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့နေ့လည် ( ၁၁:၀၀ )နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ခင်ခင်ထူး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဖေဖော်ဝါရီလ (၁) ရက်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ဒေသအသီးသီး ရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေခြင်းနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်မှစတင်၍ ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် မီတာ(၂၀၀)ပွဲစဉ်များဖြစ်သည့် အမျိုးသား(၇)တက်လှော် ပြိုင်ပွဲ၊ အမျိုးသမီး(၇)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲ၊ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ (၃၁) ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်တွင်ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ပါသည်။ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာလှေလှော်အားကစားပြိုင်ပွဲကျင်းပ ပေးရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက် ယှဉ်ပြိုင်ကြတဲ့ လှေလှော် […]