အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။

ဂေါက်သီးရိုက်အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့်ဂေါက်သီးရိုက် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲ (တတိယနေ့) ပွဲစဉ်များကို ယနေ့နံနက် (၆)နာရီမှစတင်၍ နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ချစ်ရင်ထူး(ပဲခူးတိုင်း)၊ ဒုတိယဆုရရှိသည့် ကျော်နိုင်ဦး(ရှမ်းပြည်နယ်)နှင့် တတိယဆုရရှိသည့် အောင်မျိုးထွန်း (တနင်္သာရီတိုင်း)တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းမှလည်းကောင်း၊ တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲတွင်  ပထမဆုရရှိသည့် ကောင်းထိုက်ဇော်(မန္တလေးတိုင်း)၊ ဒုတိယဆုရရှိသည့် ဆိုင်းဒူ(ကချင်ပြည်နယ်)နှင့် တတိယဆုရရှိသည့် နေသူရိန်မင်း (မကွေးတိုင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍  အသင်းလိုက်(အကျောပေး)ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသွားသည့် ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှလည်းကောင်း၊ အသင်းလိုက်(အကျောမဲ့)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသွားသည့် မကွေးတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း တစ်ဦးချင်းဆုဆွဲပြား၊ ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တံခွန်စိုက်ဆုဖလားရရှိသွားသည့် မကွေးတိုင်းဒေသကြီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း(၁၅)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။