ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၌ အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေးသည့်သတင်း

ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၌ အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ (၆)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည် နှင့်အတူတာဝန်ရှိသူ များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ အားကစား ကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နွေရာသီအခြေခံအားကစား သင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသော သင်တန်းသား/သင်တန်းသူများ အား ဂုဏ်ပြု ချီးမြှင့်ငွေများချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ရှိ အားကစားကွင်း/ အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေး၍ လေ့ကျင့်လျက်ရှိသော ကြက်တောင်အားကစားသမား များကို တွေ့ဆုံအားပေးခဲ့ပြီး အမိုးပါရေကူးကန်ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့သို့ သွားရောက်ပြီး အားကစား ကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း၊ အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း၊ အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အမျိုးသားရေကူးကန်အား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အမျိုးသားရေကူးကန်အား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ ရန်ကုန်၊ မတ်လ (၆)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့နယ် ၊ ဦးဝိစာရ လမ်းရှိအမျိုးသားရေကူးကန်သို့ရောက်ရှိရာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ကြိုဆိုကြပြီး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ၍ ရေကူးကန်အတွင်းရှိ ဆေးခန်း၊ အမျိုးသား/ အမျိုးသမီး အဝတ်လဲခန်း၊သန့်စင်ခန်း နှင့် ကလေးရေကူးကန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ၊ ဘဏ္ဍာရေးနှစ် အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ပုံငွေကျပ်(၂၄၁)သန်းဖြင့် ဆောင်ရွက်နေသော အမျိုးသားရေကူးကန် ရေသန့်စင် စက်ခန်းနံရံ ပြုပြင်နေမှု ၊ ရေသန့်စင်စနစ် Filter ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီးရေသန့်စင်နေအောင် ဆောင်ရွက်ရန်၊ […]
ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့်ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့်ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ (၅)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဆန်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့သို့ ရောက်ရှိ၍ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည် များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံသို့ လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံသို့ လည်းကောင်း ရောက်ရှိ၍ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ရုံးလုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်၊ အချင်းချင်းအထက်အောက်အပြန်အလှန် လေးစားကြရန် ၊ […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂ဝ၂၅)သို့ တက်ရောက်သည့်သတင်း

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂ဝ၂၅)သို့ တက်ရောက်သည့်သတင်း
ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်းအားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည့်သတင်း

ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်းအားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည့်သတင်း
ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်းအားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး

ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်းအားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ရန်ကုန်၊ မတ်လ (၄)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဆန်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၊ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး တိုင်းရုံးနှစ်ထပ် (၈၁ပေ x ၅၇ပေ x ၂၃ပေ ) တည်ဆောက်နေမှု ၊ ရေနှုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ၊ မြောင်းဖုံးပါရှိစေရန် ၊ အဆောက်အဦ ရေရှည် ကောင်းမွန်စေရန်တို့အတွက် လိုအပ်သည်များအား မှာကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားခန်းမ၌ အားကစားသမားများလေ့ကျင့်နေမှုအားကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဒေသာအားကစားကွင်းအတွင်းရှိ တိုင်းဒေသကြီးလက်ဝှေ့နှင့် အလေးမလေ့ကျင့်ရေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး […]
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကျင်းပ

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကျင်းပ နေပြည်တော်၊ မတ်(၄) မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက In Person စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ် ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရာတွင် လူငယ်ဖွံ့ဖြိုးတိုတက်ရေး […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၃ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လိုအပ်ချက်များနှင့် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း၊ ယခုတွေ့ဆုံပွဲတွင် မိမိအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြေရှင်းမပေးနိုင်သည့်ကိစ္စရပ်များကို တာဝန်ရှိ အကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် သင်္ကြန်ကာလတွင် ဝန်ကြီးဌာနမှ စုပေါင်းရဟန်းခံ/ရှင်ပြုပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် သာသနာ့ဘောင်သို့ ဝင်ရောက်လိုသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ သက်ဆိုင်ရာဌာနသို့ အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့် အမှုထမ်းသားသမီးများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကို […]