၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ ရန်ကုန်၊ဩဂုတ်လ(၉)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီက ရန်ကုန်မြို့၊ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အသင်းအုပ်ချုပ်သူများတက်ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေးနှင့် လှေလှော်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် သွားလာနေထိုင်ရေးနှင့် စားသောက်ရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့ စေရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ပြိုင်ပွဲကျင်းပရာတွင် ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စီမံကိန်းနှင့်သုတေသနဦးစီးဌာန […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အား/ကာသိပ္ပံ(ရန်ကုန်)ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အား/ကာသိပ္ပံ(ရန်ကုန်)ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားတက်ရောက် ရန်ကုန်၊ သြဂုတ်လ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန(တိုင်း/ရုံး) အစည်းအဝေးခန်းမ၌ တိုင်းရုံး၊ ခရိုင်၊ မြို့နယ်များမှ အရာထမ်း/အမှုထမ်းများနှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေး လမ်းညွှန်မှုများ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးမှ တည်ဆောက်ရေးလုပ်ငန်းများ၊ ရုံးကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့မှု အပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှုပြုခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ နေ့လယ်(၂:၃၀)နာရီ အချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဆေးဘက်ဌာနစု၊ B.Sc(Sport)၊ […]
ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ်၊ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို (၈.၈.၂၀၂၃)ရက်နေ့တွင် ဘားအံမြို့ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း (လှာကမြင်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြပါသည်။ ဗိုလ်လုပွဲတွင် နောင်လုံကျေးရွာနှင့်အမှတ်(၂)ရပ်ကွက်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ နောင်လုံကျေးရွာဘောလုံးအသင်းက (၈ ဂိုး ၇ ဂိုး)ဖြင့်အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်ပြီးဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဒိုင်လူကြီးအဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား မြို့နယ်အားကစားမှူး ဒေါ်နော်သြလျာဖော မှလည်းကောင်း၊ ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆုကို မြို့နယ်လဝကမှူးရုံး ဒု-ဦးစီးမှူး ဒေါ်မိုးကေခိုင်မှလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် အမှတ်(၄+၇)အသင်းအား တတိယလည်ဆွဲဆုကို နတလ ကျောင်းမှ ဒုဦးစီးမှူးဦးခင်မောင်မြင့်မှလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် လှာကမြင်ကျေးရွာ အသင်းအားတတိယလည်ဆွဲဆုကို မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးခင်မောင်ကျော် မှလည်းကောင်း၊ […]
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ သြဂုတ်လ(၇)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်စိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၇)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ပြည်နယ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းရှိ အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းရှိ အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်(၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၌ ပြည်သစ်စံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၄၈၀ပေ x ၆၀ပေ) RC (၂)ထပ် အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၁၈၀ပေ x ၁၅၀ပေ) မိုးလုံလေလုံအားကစားရုံတည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနား တက်ရောက်သည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနား တက်ရောက်သည့်သတင်း
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အလေးမနည်းပြ သင်တန်း (Level- 2) ဖွင့်ပွဲ အခမ်းအနား တက်ရောက်သည့်သတင်း

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အလေးမနည်းပြ သင်တန်း (Level- 2) ဖွင့်ပွဲ အခမ်းအနား တက်ရောက်သည့်သတင်း
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း (Level-2) ဖွင့်ပွဲအခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း (Level-2) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ်လ(၇)ရက်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း(Level-2) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရေတို၊ ရေရှည်စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် အနိုင်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုမှတဆင့် အာရှနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအထိ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းသွားကြစေလိုကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းအနေဖြင့် ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ်(၂)ခုတို့ကို ထိုက်ထိုက်တန်တန် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဩဂုတ်(၇)ရက်။ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ နည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ ဗဟုသုတများနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တက္ကသိုလ်များ၊ ကောလိပ်များ နှင့် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများနှင့် လူငယ် စကားဝိုင်းများကို လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် […]
ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက်

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက် ရန်ကုန်၊ သြဂုတ်လ(၆)ရက်။ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉:၃၀)အချိန်တွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mr Chen Hai နှင့် သံရုံးမိသားစုဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ် ပထမပိုင်းအရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံ ကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ […]