အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင်အသင်း ကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံသို့ တက်ရောက်သည့်သတင်း

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင်အသင်း ကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံသို့ တက်ရောက်သည့်သတင်း

၂၀၂၃ ခုနှစ်၊ (၄၄)ကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ညီလာခံကျင်းပ

Loading

၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ညီလာခံကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၀)။ ၂၀၂၃ ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင်အသင်း ကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံ (ဒုတိယပိုင်း)အစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့တွင် စတင် တည်ထောင်ဖွဲ့စည်းခဲ့ရာမှ ခြင်းလုံးခတ်ကစားခြင်းကို အားကစားအသွင်အဖြစ် စတင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ပထမအကြိမ် ရိုးရာခြင်းလုံးညီလာခံကို ရန်ကုန်မြို့၌ ၁၉၅၃ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ကျင်းပခဲ့ပြီး တစ်ပြည်လုံးမှ ကိုယ်စားလှယ်(၃၃)ဦး တက်ရောက်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် သက်တမ်းနှစ်(၇၀)အတွင်း ရိုးရာခြင်းလုံးညီလာခံကို အချို့နှစ်များတွင် မကျင်းပနိုင်ခဲ့သော်လည်း ယခု(၄၄)ကြိမ်မြောက်ညီလာခံကို […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ညီလာခံ တက်ရောက်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ညီလာခံ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ အောက်တိုဘာ(၁၀)။ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရန်အတွက် ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင်အသင်းကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင် ရိုးရာအားကစားနည်းများရှိကြသည့်နည်းတူ မြန်မာနိုင်ငံမှာလည်း ရိုးရာအားကစားနည်းများစွာရှိသည့်အနက် ခြင်းလုံးအားကစားနည်းသည် အထင်ရှားဆုံးရိုးရာအားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ပြည်ခရိုင်၊ မှော်စာရွာ အနီးမှာ အချင်း(၂)လက်မခန့်ရှိသည့် ငွေခြင်းလုံးလေးကို တူးဖော်ရရှိခဲ့မှုအရ မြန်မာနိုင်ငံတွင် ရိုးရာခြင်းလုံး အားကစားနည်းကို ၁၉၂၇ခုနှစ်မှာ စတင်ခတ်ကစားခဲ့ကြကြောင်း၊ ပထမအကြိမ် […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းကျင်းပ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းကို (၆.၁၀.၂၀၂၃)ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ထားဝယ်မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာအခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အနာဂတ်နိုင်ငံတော်ကိုတာဝန်ယူ ဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်လုံး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသော လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာအောင် တိုးတက်မြှင့်တင်ဆောင်ရွက်ပေးသွားရမည်ဖြစ်သကဲ့သို့ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေးလိုလားသော စိတ်ဓာတ်များနှင့်စည်းကမ်းသေဝပ်သူများဖြစ်အောင် ကြိုးစားနေထိုင်ပြီး တိုင်းပြည်အနာဂတ်လှပအောင်၊ ကြီးပွားတိုးတက်အောင် ကြိုးစားတည်ဆောက်ကြမည်ဆိုသည့် ရည်မှန်းချက်စိတ်ကူးများနှင့်ယခုသင်ကြားသင်ယူနေသောပညာရပ်များကို ကြိုးစားသင်ယူပြီး အနာဂတ်ကိုဦးဆောင်နိုင်သောလူငယ်များဖြစ်အောင်ကြိုးစားနေထိုင်သွားကြရန်လိုအပ်ကြောင်းပြောကြားသွားပါသည်။ဆက်လက်၍လူငယ်စကားဝိုင်းကိုအစီအစဥ်အတိုင်းကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယဝန်ကြီးက လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများကို ဂုဏ်ပြုမှတမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာဦးဌာနသို့အားကစားပစ္စည်းများကို ၎င်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ဘားအံ၊ အောက်တိုဘာ (၈)။ ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။ ဦးစွာ အမျိုးသမီးအသင်းလိုက်(၉)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲတို့တွင် ဆုရရှိသောအသင်းများက ပြန်လည်သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ကျောင်းသား၊ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲတွင်အားဖြည့်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာလ(၉)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ခြင်းလုံးအားကစားသမား မောင်/မယ်များအနေဖြင့် ရိုးရာခြင်းလုံး အားကစားပြိုင်ပွဲမှတစ်ဆင့် ချစ်ကြည်ပူးပေါင်းမှုရရှိပြီး ပြည်ထောင်စုစိတ်ဓါတ် […]

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေး

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၉)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလုက် အမျိုးသား (၄၈၊ ၅၁၊ ၅၇၊ ၆၃.၅၊ ၇၁၊ ၈၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် (၆)ပွဲနှင့် အမျိုးသမီး (၅၇၊ ၆၃) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် (၂)ပွဲ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား (၄၈) […]

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၍ ပြန်လည်ရောက်ရှိ

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၍ ပြန်လည်ရောက်ရှိ ဟန်ကျိုး၊ အောက်တိုဘာလ(၈)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညဒေသစံတော်ချိန် ည( ၈ )နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center)၌ ကျင်းပခဲ့သည်။ ပိတ်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံမှ အနုပညာရှင်များက ရိုးရာတေးသီချင်းများ ကပြဖျော်ဖြေခဲ့၍ ပြိုင်ပွဲဝင်နိုင်ငံ အားကစားအဖွဲ့ဝင်များက ကွင်းအတွင်း မှ ကပြဖျော်ဖြေသူများနှင့်အတူ ပါဝင်ဆင်နွဲခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုလံပစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အာရှအိုလံပစ်ကောင်စီခေတ္တဥက္ကဌက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအိုလံပစ်ကောင်စီမှတာဝန်ရှိသူတစ်ဦးက ဂျပန်နိုင်ငံ […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ (၈)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ (၈)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ