မကွေးတက္ကသိုလ်တွင် မကွေးတိုင်းဒေသကြီး၏ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပသည့်သတင်း

မကွေးတက္ကသိုလ်တွင် မကွေးတိုင်းဒေသကြီး၏ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပသည့်သတင်း
ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster များအလိုက် အိပ်ဆောင်များ၊ စားရိပ်သာနှင့်ဆေးခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster များအလိုက် အိပ်ဆောင်များ၊ စားရိပ်သာနှင့်ဆေးခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ဖေဖော်ဝါရီလ(၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Cluster များအလိုက် အားကစားသမားများနှင့် ဝန်ထမ်းများ နေထိုင်သည့် အိပ်ဆောင်များ၊ စားရိပ်သာတွင် အားကစားသမားများ၏ နေ့လည်စာ စားသုံးနေမှုများ၊ ထမင်းဟင်းချက်ပြုတ်ပြင်ဆင်သည့်နေရာများ၊ ဟင်းသီးဟင်းရွက်ထားရှိသည့်အအေးခန်း၊ အသားငါးခုတ်ဖြတ်သည့်နေရာများနှင့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် (Gold Camp)ဆေးခန်းတွင် ကုသရေးဆိုင်ရာစက်ပစ္စည်းများထားရှိသည့် အခန်းနေရာများနှင့် ဆေးဝါးများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ပြန်လည်ပြုပြင်သုံးစွဲ၍မရသည့်ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးသုံးလျှပ်စစ်ပစ္စည်းအမျိုးအစား(၄၀)တို့အား လေလံတင်ရောင်းချရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ပြန်လည်ပြုပြင်သုံးစွဲ၍မရသည့်ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးသုံးလျှပ်စစ်ပစ္စည်းအမျိုးအစား(၄၀)တို့အား လေလံတင်ရောင်းချရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ဘင်းမ်စတက် လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots) ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ

ဘင်းမ်စတက် လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots) ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၅။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ(၁၁)ရက်နေ့အထိကျင်းပပြုလုပ်မည့် ဘင်းမ်စတက်လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots)ပြိုင်ပွဲသို့ အလွတ်ကူးမီတာ၅၀၊ အလွတ်ကူး မီတာ၁၀၀၊ လိပ်ပြာကူး မီတာ၅၀၊ ပလက်ကူး မီတာ၅၀၊ ရင်ဘောင်တန်းကူး မီတာ၅၀၊ Mix Relay 100×4 အလွတ်ကူးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိင်ငံရေကူးအဖွဲ့ချုပ်မှ အသင်းအုပ်ချုပ်သူ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးချိုမောင်၊ နည်းပြ ဦးသီဟအောင်နှင့်အားကစားသမား(၇)ဦး၊ စုစုပေါင်း(၉)ဦးတို့သည် ယနေ့နံနက် ၈နာရီ၁၅မိနစ် အချိန်ကလေယာဉ်ပျံအမှတ် 8M620 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှနယူးဒေလီမြို့သို့ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီး၊ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးစန်းဝင်းဇော်နှင့် မိဘဆွေမျိုးများက လိုက်လံပို့ဆောင်နူတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံး နည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲသို့တက်ရောက်သည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံး နည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲသို့တက်ရောက်သည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ(၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တောင်ကြီးမြို့သို့ရောက်ရှိ၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှ စစ်ဘေးရှောင် အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အတွက် မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနေသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသည် အရေးကြီးသကဲ့သို့ ပြည်နယ်/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့် အားကစားဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆောင်ရွက်နေသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း နှစ်သက်ရာအားကစားနည်းတစ်ခုခုကို လေ့လာလိုက်စား ကြရန်လိုကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း
မကွေးတက္ကသိုလ်၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ကျင်းပသည့်သတင်း

မကွေးတက္ကသိုလ်၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ကျင်းပသည့်သတင်း
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်

ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက် နေပြည်တော်၊ ဖေဖော်ဝါရီ(၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ (Gold Medal Hall)၌ တွေ့ဆုံနှုတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တည်းခိုနေထိုင်မည့် အိပ်ဆောင်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖျော်ဖြေရေးအကအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော လူငယ်များ ဗလငါးတန် ပြည့်စုံရေး စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော လူငယ်များ ဗလငါးတန် ပြည့်စုံရေး စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် မကွေး၊ ဖေဖော်ဝါရီ ၃။ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။ ရှေးဦးစွာ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]