ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာ
နေပြည်တော်၊ အောက်တိုဘာ ၂ ။
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနက ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် တက်ရောက်နေသည့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမ (၁၀၀)ဦးနှင့် သင်တန်းအုပ်ချုပ်သူ(၅)ဦး စုစုပေါင်းအင်အား(၁၀၅)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူ ရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြား ခဲ့ကြောင်းသိရသည်။


