အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကျင်းပ

Loading

မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၆)ရက်။ မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင် မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့လက်ရည်စစ်မြားပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) မြား(၃၆)ချောင်း (၂)ကြိမ်၊ စုစုပေါင်း မြား (၇၂)ချောင်း အဆင့်သတ်မှတ်ခြင်း ပြိုင်ပွဲအား ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် (အမျိုးသား/အမျိုးသမီး)တစ်ဦးချင်း ရှုံး/ထွက် (ကွာတား ဖိုင်နယ်နှင့် အကြိုဗိုလ်လုပွဲ) ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၁၇)ရက်နေ့၊ နံနက် (၈)နာရီခွဲတွင် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)ရှိ လူငယ်လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံတွင် အလေးမအားကစားနည်းမှ လက်ရွေးစင်အားကစားသမား၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ဝူရှူး အားကစားနည်းမှ ထောက်လုအားကစားသမားများနှင့် ဆန်းဆိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဘိလိယက်အားကစားရုံတွင် အားကစာသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ Training Center Hall No.2 ၌ (Youth Camp)မှ လူငယ်လက်ရွေးစင်အလေးမ အားကစားသမားများ၏ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက် နေပြည်တော်၊ ဖေဖော်ဝါရီ(၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း(Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ဝန်ထမ်းများ၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone)အတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတို့မှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ(၄)နာရီမှ (၄:၃၀)နာရီအထိ မိနစ်(၃၀)ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားပြခန်းများသို့ သွားရောက်လေ့လာ

Loading

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားပြခန်းများသို့ သွားရောက်လေ့လာ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၅)။ ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများ၊ မြန်မာ့အားကစားမော်ကွန်းခန်းမ၊ ၂၀၁၆-၂၀၂၀ခုနှစ် အတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများ၊ (၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) သို့တက်ရောက်သည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)သို့ တက်ရောက်သည့်သတင်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၁)ရက်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၄)။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက် (၉)နာရီတွင် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက In-Person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်းတက်ရောက်ကြသည်။ အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သည် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအား နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျပြုစုပျိုးထောင်ပေးရာတွင် […]

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေးအတွက် လူရွေးချယ်ပြိုင်ပွဲ ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေးအတွက် လူရွေးချယ်ပြိုင်ပွဲ ကျင်းပ တောင်ကြီး၊ ဖေဖော်ဝါရီလ ၁၃။ မြန်မာဘိလိယက်နှင့်စနူကာ အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို (၂၄.၂.၂၀၂၄)ရကနေ့မှ (၂.၃.၂၀၂၄)ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် လူရွေးချယ်ပြိုင်ပွဲကို (၁၃.၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွေးချယ်ခဲ့ရာ အဆိုပါလူရွေးချယ်ပြိုင်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ပြည်နယ်ဘိလိယက်နှင့် စနူကာဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးကာ ၎င်းလူရွေးချယ်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မျိုးဆက်သစ်အားကစားသမား (၃၀)ဦး၊ တောင်ကြီးမြို့ပေါ်ရှိ မျိုးဆက်သစ်အားကစားသမား(၄၉)ဦး၊ စုစုပေါင်း (၇၉)ဦးက လာရောက်အရွေးချယ်ခံခဲ့ကြကြောင်း သိရှိရပါသည်။ ‘

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက် နေပြည်တော်၊ ဖေဖော်ဝါရီ(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရုံးအမှတ်(၃၁)၊ ရုံးချုပ်မှဝန်ထမ်းများ၊ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ဝန်ထမ်းများ၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (Social Zone)အတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတို့မှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ(၄)နာရီမှ (၄:၃၀)နာရီအထိ မိနစ်(၃၀)ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ်လူရွေးချယ်ပြိုင်ပွဲကျင်းပ

Loading

တောင်ကြီး၊ ဖေဖော်ဝါရီလ ၁၃။ ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ်လူရွေးချယ်ပြိုင်ပွဲကျင်းပ မြန်မာ ဝူရှူး(ဆန်းဆို)အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲကို (၇.၃.၂၀၂၄)ရက်နေ့မှ (၁၁.၃.၂၀၂၄)ရက်နေ့ထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ် လူရွေးချယ်ပြိုင်ပွဲကို (၁၃.၂.၂၀၂၄)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရွေးချယ်ခဲ့ရာ အဆိုပါလူရွေးချယ်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ ပြည်နယ်ဝူရှူး(ဆန်းဆို)ဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးကာ ၎င်းလူရွေးချယ်ပွဲ၌ မျိုးဆက်သစ်အားကစားသမား စုစုပေါင်း (၃၀)ဦးက ထပ်မံလာရောက်အရွေးချယ်ခံခဲ့ကြကြောင်း သိရှိရပါသည်။