အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဧပြီ(၈)ရက်။ ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားနည်းအဆင့်အတန်း ပိုမိုတိုးတက်စေရေးနှင့် မြန်မာနိုင်ငံ သဲသောင်ပြင်နှင့် ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး ၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဖြူစိမ်းအားကစားပစ္စည်းဆိုင်မှ အဓိကကူညီပံ့ပိုးကာ 2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၈.၄.၂၀၂၄ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) […]

အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် Third Party (QC Team) ငှားရမ်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် Third Party (QC Team) ငှားရမ်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီလ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင် အားကစားခန်းမနှင့် ကြက်တောင်အားကစားခန်းမတို့အားလည်းကောင်း၊ မြို့မအားကစားကွင်းနှင့် အားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်း/ဘော်လီဘော အားကစားရုံ၊ လက်ဝှေ့ရုံရှိ (GYM)လေ့ကျင့်ရေးခန်းမနှင့် အ‌လေးမအားကစားရုံတို့အားလည်းကောင်း၊ တာချီလိတ်မြို့နယ်ရှိ ဘိလိယက်နှင့်စနူကာ အားကစားခန်းမတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေးတို့ အတွက် သန့်ရှင်းရေးပုံမှန်ပြုလုပ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည့် နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် နယ်မြေဒေသအခြေအနေများအရ လုံခြုံရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အသိပညာဗဟုသုတများတိုးပွားစေရန် […]

အားကစားပညာဘာသာရပ် B.Sc(Sport)သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားပညာဘာသာရပ် B.Sc(Sport)သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ(၅)။ အားကစားပညာဘာသာရပ် B.Sc(Sport)သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာသုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားလောကဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်လာ စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အားကစားပညာအထူးပြုဘာသာရပ် B.Sc(Sport)သင်တန်းများကို ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ယခုအစည်းအဝေးတွင် အားကစားပညာ အထူးပြုဘာသာရပ် B.Sc(Sport)သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေနှင့်ပတ်သက်ပြီး သင်တန်းတက်ရောက်ရန် သင်တန်းသားရွေးချယ်မှုသတ်မှတ်ချက်ဆိုင်ရာကိစ္စရပ်များ၊ ပညာသင်နှစ်အလိုက် သင်ကြားပို့ချခဲ့သည့် အချိန်ဇယားများနှင့် သင်ကြားပေးလျက်ရှိသည့်ဘာသာရပ်ဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေး ဆရာ/ဆရာမများ၏ အမည်စာရင်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပြီး ညှိနှိုင်းဆွေးနွေးတင်ပြပေးရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက […]

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Loading

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ(၄)။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ကဏ္ဍနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ တိုးပွားစေရေးတို့အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ လှုပ်ရှားမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စနစ်တကျ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် ရေးဆွဲထားသောစီမံချက်မူကြမ်းတွင်ပါဝင်သည့် အချက်များဖြစ်သည့် လူငယ် စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကတ် (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကတ် (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက် နေပြည်တော်၊ ဧပြီ (၃)ရက်။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကက် ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကတ် (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်သည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကတ် (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်သည့်သတင်း