အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၃

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်ကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ဘောလုံးကွင်းများတွင်လည်းကောင်း၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌လည်းကောင်း၊ ဘတ်စကက်ဘော(အမျိုးသား)ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံတို့၌လည်းကောင်း ကျင်းပခဲ့ရာ ပြိုင်ပွဲများသို့ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ အားကစားပြိုင်ပွဲများဖြစ်သည့် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များတွင် ကယားပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ဘောလုံး(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များတွင် မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဖူဆယ်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာတစ်ဖက်(၃)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၉)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၆)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘော်လီဘော(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များတွင်ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲ (၂)ပွဲဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘတ်စကက်ဘော(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ရမှတ်(၈၀)မှတ် (၄၆)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၉၄)မှတ် (၂၇)မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ်(၆၅)မှတ် (၄၃)မှတ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် (၅၈)မှတ် (၄၈)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၂)မှတ် (၁၇)မှတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း(၂)ယောက်တွဲအဖွဲ့လိုက်(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။