၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၄
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ဘောလုံးကွင်းများတွင်လည်းကောင်း၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌လည်းကောင်း၊ ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံ တို့၌ ကျင်းပခဲ့ရာ ပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ယနေ့ အားကစားပြိုင်ပွဲများဖြစ်သည့် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အသင်းကို (၅)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ဘောလုံး(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၂)ဂိုးစီ သရေလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဖူဆယ်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၆)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ချင်းပြည်နယ် အသင်းကို (၁၀)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဖူဆယ်(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘော်လီဘော(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ကယားပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲ (၂)ပွဲဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ပွဲ (၂)ပွဲဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ် အသင်းကို (၃)ပွဲ (၂)ပွဲဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပိုက်ကျော်ခြင်း နှစ်ယောက်တွဲအဖွဲ့လိုက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁) ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘတ်စကက်ဘော(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ရမှတ်(၈၃)မှတ် (၃၀)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၇၉)မှတ် (၃၂)မှတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ရမှတ်(၉၆)မှတ် (၆၆)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ် အသင်းကို ရမှတ်(၇၀)မှတ် (၃၄)မှတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ရမှတ်(၇၅)မှတ် (၂၆)မှတ်ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း(၂)ယောက်တွဲ အဖွဲ့လိုက် ၊ ခရစ်ကတ်(အမျိုးသား/ အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ မျက်မမြင် စစ်တုရင်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။