၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များဆက်လက်ကျင်းပ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ဆုချီးမြှင့်

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များဆက်လက်ကျင်းပ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ဆုချီးမြှင့် နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၃)ရက်။ မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၁+၄ (အမျိုးသား)အသင်းလိုက် ဓါးရှည်ဝိုင်းထွက်စွမ်းရည်ပြပြိုင်ပွဲ၊ ၁+၅ (အမျိုးသား)အသင်းလိုက် အချုပ်ဖြည်စွမ်းရည်ပြပြိုင်ပွဲ၊ ပြိုင်ပွဲအမျိုးအစား ဝိတ်တန်းအလိုက် (အမျိုးသား/အမျိုးသမီး)ဗန်တိုအတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (အမျိုးသမီး) တစ်ကိုယ်တော်လှံရှည် […]
အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေး တွေ့ဆုံဆွေးနွေး

အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေး တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၀) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ယနေ့ညနေ(၅)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ရှိ အစည်းအဝေးခန်းမ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ၊ သိုင်းပညာရှင်ဆရာကြီးများနှင့်တွေ့ဆုံ၍ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့သိုင်းအားကစားနည်းအား ထည့်သွင်းကျင်းပ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် ဝန်ကြီးဌာနနှင့်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ် တိုးတက်ပြန့်ပွားစေရန်နှင့် လူငယ်လူရွယ်များ မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်အတွက် မြန်မာ့သိုင်းပညာရပ်နှင့်ပတ်သက်သည့် မှတ်တမ်းများ၊ အမွေအနှစ်အထောက်အထား သမိုင်းမှတ်တမ်းများအား ပြန်လည်ရှာဖွေဖော်ထုတ်ပြီး ပြတိုက်တွင် ထားရှိနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းပညာရှင်ဆရာကြီးများကို အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ဖေဖော်ဝါရီ(၉)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ရိုးရာအားကစားနည်းများအား ဖော်ထုတ်နေသည်ဖြစ်၍ နိုင်ငံသားတိုင်း သိုင်းပညာ တတ်မြောက်ရမည်ဟု နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည့်အတွက် […]
အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် နေပြည်တော်၊ဖေဖော်ဝါရီ (၆)ရက်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ A-3000၊ ပိုက်ကျော်ခြင်းကလပ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူးဦးဌေးအောင်၊ ပြည်ထောင်စုနယ်မြေ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက််ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးနေမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် […]
၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ (၂)ရက်။ ၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ […]
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခင်းကျင်းပြသ

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခင်းကျင်းပြသ နေပြည်တော်၊ ဇန်နဝါရီလ(၃၀)ရက်။ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စာသင်ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသားလူငယ် မောင်မယ်များ၊ မိဘပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များသည် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းအတွင်း ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသည့်ပြခန်းများ၊ အားကစားလှုပ်ရှားမှုများပြခန်း အတွင်း စိတ်ဓာတ်မြှင့်တင်ရေးပြခန်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အားကစားမော်ကွန်းခန်းမတွင် ပြသထား သော ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများ၏ ပုံတူရုပ်တုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် အားကစားသမားဖြစ်သော ဂျူဒို၊ […]
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ (၂၂) ရက်။ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁)နာရီ၌ အင်းယားကန်ရှိမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး မှ အဖွင့် အမှာစကားပြောကြားရာတွင် […]
(31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေး

(31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီအချိန်တွင် (31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပီတန်း၊ ဂျူဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘိလိယက်/စနူကာ၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ဗိုဗီနမ်နှင့် မြားပစ် အားကစားအဖွဲ့များမှ အားကစားသမားများ၏ လေ့ကျင့်လျက်ရှိသော သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ လိုက်လံ ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ လိုက်လံ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်များရှိ အားကစားကွင်း/ အားကစားရုံများသို့ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ်ရှိ အောင်ဆန်းသူရိယလှသောင်း အားကစားကွင်း၊ ကော့မှူးမြို့နယ်ရှိ အောင်ဇမ္ဗူ အားကစားကွင်းနှင့် တွံတေးမြို့နယ်ရှိ တွံတေးမြို့မ အားကစားကွင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းများအား သန့်ရှင်းသာယာလှပစေရေး၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ဘောလုံးကွင်း အတွင်းရှိ ပွဲကြည့်စင်နှင့် (Score Board) များအား ပျက်စီးမှုမရှိအောင် ထိန်းသိမ်းကြရန်၊ မိုးလုံလေလုံအားကစားရုံများ […]
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၂၄)ရက်။ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနား ကို ယနေ့နေ့လည်(၁)နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်၍ အမျိုးသမီး (၂၅) မီတာ ပစ္စတိုပြိုင်ပွဲ၊ အမျိုးသား (၅၀)မီတာ စိတ်ကြိုက်ပစ္စတိုပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာ အကြံပေး ဦးဌေးလင်း က အမျိုးသား(၁၀)မီတာလေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ ရဲထွန်းနောင် ရမှတ် (၅၇၇)မှတ်၊ ဒုတိယဆုရ […]