အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဌာနခွဲစာရေးနှင့်အဆင့်တူ ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေး လူတွေ့စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ(၂၇)။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အဖွဲ့ဝင်များသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် လစ်လပ်လျက်ရှိသော ဌာနခွဲစာရေးနှင့်အဆင့်တူ လစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအား ယနေ့နံနက် (၉:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ လူတွေ့အရည်အချင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရုံးချုပ်မှဖြေဆိုမည့်သူ (၂၆)ဦးအား In-person ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်/တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ဖြေဆိုမည့်သူ (၁၇)ဦးအား Video Conferencing စနစ်ဖြင့်လည်းကောင်း စစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။