မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မတ်လ(၂၀)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ နာယကဒေါ်နီ၊ ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးထင်လင်းပြည့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။ ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ပေးကာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌကိုယ်စား ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာ စကားပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။ အဆိုပါသင်တန်းကို ကာကွယ်ရေးဝန်ကြီးဌာနမှ(၁၀)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး၊ အခြေခံပညာဦးစီးဌာနမှ (၁၀)ဦး၊ စုစုပေါင်း(၅၀)ဦးတို့ တက်ရောက်ခဲ့ပြီး မတ်လ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
မင်းဘူးမြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားကစားနည်းသင်တန်း ဆင်းပွဲကျင်းပ
![]()
မင်းဘူးမြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားကစားနည်းသင်တန်း ဆင်းပွဲကျင်းပ မင်းဘူး၊ မတ်လ ၄ ရက်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားစကားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ ခရိုင်အား/ကာမှူး ဒေါ်နှင်းယုဇံ၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများမှ သင်တန်းတွင် မိမိတို့ သင်ယူတတ်မြောက်ခဲ့ကြသည့် ဘာသာရပ်များအလိုက် အကအလှ […]
မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးကော်မတီတို့မှဖွင့်လှစ်သော တားမြစ်ဆေးဝါးစစ်ဆေးသူ အရာရှိများပြန်လည်မှတ်ပုံတင်ခြင်း မွမ်းမံသင်တန်း ( Doping Control Officer Reaccrediation Course) ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးကော်မတီတို့မှဖွင့်လှစ်သော တားမြစ်ဆေးဝါးစစ်ဆေးသူအရာရှိများပြန်လည်မှတ်ပုံတင်ခြင်း မွမ်းမံသင်တန်း(Doping Control Officer Reaccrediation Course) ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မတ်လ (၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် South East Asia Regional Anti-Doping Orginzation (SEARADO) တို့၏ ပံ့ပိုးကူညီမူ့ဖြင့် မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမူ့ဆန့်ကျင်ရေးကော်မတီတို့မှဖွင့်လှစ်သော တားမြစ်ဆေးဝါး စစ်ဆေးသူ အရာရှိများ ပြန်လည်မှတ်ပုံတင်ခြင်း မွမ်းမံသင်တန်း ( Doping Control Officer Reaccrediation Course )ကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ယနေ့မနက် ၈ နာရီ အချိန်တွင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမူ့ ဆန့်ကျင်ရေးကော်မတီမှ အကြီးအကဲများ အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေနှင့် အခြားဖိတ်ကြားသည့်ဧည့်သည်တော်များတတ်ရောက်ခဲ့ပါသည်။ ၄င်းသင်တန်းကိုမြန်မာ့အားကစားလောက ဂုဏ်သိက္ခာရှိစွာ တိုးတတ်မြင့်မားရေးနှင့် အားကစားရဲ့ တရားမျှတမှု […]
ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့်
![]()
ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့် နေပြည်တော်၊ဖေဖော်ဝါရီ(၁၇)။ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူးသင်တန်းအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် (၂/၂၀၂၃) တို့အား သင်တန်းအမှတ်စဉ် (၁)ခုလျှင် သင်တန်းသား (၁၀၀)ဦး သင်တန်းကာလ (၃)ပတ် တစ်ပတ်လျှင် (၆) ရက်ဖြင့် နံနက်ပိုင်းအချိန်များတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ၂၇-၂-၂၀၂၃ မှ ၁၇-၃-၂၀၂၃ ရက်ထိလည်ကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၃) အား ၂၀-၃-၂၀၂၃ မှ ၇-၄-၂၀၂၃ ရက်ထိလည်ကောင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအား အတွေ့အကြုံရှိ ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျသင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် (၄၀,၀၀၀/-) နှုန်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ဝင်ခွင့်လျှောက်လွှာပုံစံ၊ ဓာတ်ပုံ […]
၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဥ်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ မြို့နယ်ထွေ/အုပ်ဖူဆယ်အားကစားကွင်းအတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အုပ်စုပွဲစဥ်များကို ပွဲစဥ်(၅)အဖြစ် ခေတ္တရာလူငယ် အသင်း Vs လင်းစတား အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ လင်းစတား အသင်းမှ ခေတ္တရာလူငယ် အသင်းကို (၅)ဂိုး / (၃)ဂိုးဖြင့်လည်းကောင်း ၊ ပွဲစဥ်(၆)အဖြစ် Arrow အသင်းနှင့် န.တ.လ အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ န.တ.လ အသင်းမှ Arrow အသင်းကို (၅)ဂိုး / (၁)ဂိုးဖြင့်လည်းကောင်း […]
ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ-လ-က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
![]()
ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ-လ-က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ ဟုမ္မလင်း၊ ဖေဖော်ဝါရီ (၁၆)။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်ခေါင်ခမ်းကျေးရွာ အ-လ-က စာသင်ကျောင်းတွင်ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ခေါင်ခမ်းကျေးရွာ (အ-လ-က) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာန အားကစားမှူးဦးမင်းမင်းနိုင်က လူငယ်နှင့်အားကစားသည် ဒွန်တွဲလျက်ရှိပါသဖြင့် လူငယ်နှင့်အားကစားယှဉ်တွဲ၍ တိုးတက်ဖွံဖြိုးလာအောင် နိုင်ငံတော်က အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်း(မုံရွာ)ကို ဖွင့်လှစ်က အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါ သင်တန်းကျောင်းသို့တက်ရောက်လိုပါက အဆက်အသွယ်ပြုအမည်ပေးနိုင်ပါကြောင်းရှင်းလင်းဆွေးခဲ့သည်။ ဆက်လက်၍ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် အကြိုညှိနှိုင်းအစည်း အဝေးပြုလုပ်
![]()
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် အကြိုညှိနှိုင်းအစည်း အဝေးပြုလုပ် တောင်ကြီးမြို့၊ ဖေဖော်ဝါရီ (၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်မည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်များနှင့်အတူ ကိုဗစ်-၁၉ စည်းမျဉ်း/စည်းကမ်းများအတိုင်း ၁.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်သွားနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁:၀၀)နာရီအချိန်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဦးစူးညီညီသိန်းဝင်းနှင့် အားကစားနည်းအလိုက်ဆပ်ကော်မတီ တာဝန်ခံသင်တန်းနည်းပြဆရာ/ဆရာမများမှ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းများကို ကြီးကြပ်နိုင်ရန် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
![]()
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ ရွှေဘို၊ ဖေဖော်ဝါရီ ၁၀ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ခရိုင်လူငယ်ရေးရာကော်မတီနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင်၊ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းတို့က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ […]
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ မုံရွာမြို့၌ ကျင်းပ
![]()
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ မုံရွာမြို့၌ ကျင်းပ မုံရွာ၊ ဖေဖော်ဝါရီ(၁၀)ရက်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနက မျိုးဆက်သစ်အားကစားသမားကောင်းပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပသည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ ၊ ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်က တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ လက်ဝှေ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ပွဲစဉ်အလိုက် အမျိုးသမီး ၄၈ ကီလိုတန်း၊ အမျိုးသမီး ၅၁ ကီလိုတန်း၊ အမျိုးသား ၅၂ ကီလိုတန်း၊ အမျိုးသား ၆၀ ကီလိုတန်း၊ အမျိုးသား အလွတ်တန်း ၆၉ ကီလိုတန်းနှင့် အထူးပွဲ […]
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ပဲခူး၊ဖေဖော်ဝါရီ(၉)။ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကများ အေရိုးဗစ်အကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် ဇိုင်း/တောင်(က)အသင်းနှင့် P.H.K စည်တီး(က) အသင်းတို့ ယှဉ်ပြိုင် ကစားနေမှု၊ အလွတ်တန်းဖူဆယ် ဗိုလ်လုပွဲအဖြစ် HTAN THEE အသင်းနှင့် LUCKY FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် […]