အားကစားရေးရာဝန်ကြီးဌာန

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဧပြီလ (၃၀) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၄း၁၅)နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၈)ဦး၊ အမျိုးသမီးအားကစားသမား (၂၀)ဦး၊ ဘော်လီဘော အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ အမျိုးသား […]

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဧပြီလ(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ည(၁၉း၀၀)နာရီအချိန်၌ လေယာဉ်အမှတ် UB-7011 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့(၂)ဦး၊ ခရစ်ကက်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသမီးအားကစားသမား (၁၅)ဦး၊ ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၈)ဦး၊ အမျိုးသားအားကစားသမား (၂၀)ဦး၊ စစ်တုရင်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား (၇)ဦး၊ အမျိုးသမီး အားကစားသမား(၂)ဦး ၊စုစုပေါင်း(၅၈)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ ရန်ကုန်၊ ဧပြီလ (၂၆)ရက်။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လှေလှော်အားကစားအဖွဲ့သည် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် ပြိုင်ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံလက်ရွေးစင်အသင်းနှင့် ပူးတွဲလေ့ကျင့်မှု ပြုလုပ်နိုင်ရန် ယနေ့ နေ့လယ်(၁၄:၁၂) နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါမြန်မာ့လှေလှော်အားကစားအဖွဲ့၌ အုပ်ချုပ်/နည်းပြ (၅)ဦး၊ အမျိုးသားအားကစားသမား (၂၄)ဦး၊ အမျိုးသမီးအားကစားသမား (၆)ဦး ၊ စုစုပေါင်း (၃၅)ဦးတို့ […]

နွေရာသီအခြေခံနပန်းသင်တန်းဆင်းပွဲကျင်းပ

Loading

နွေရာသီအခြေခံနပန်းသင်တန်းဆင်းပွဲကျင်းပ ရန်ကုန်၊ ဧပြီလ(၇)ရက်။ မျိုးဆက်သစ်လူငယ်နပန်းအားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော နွေရာသီအခြေခံနပန်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ နပန်းလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာအောင်ကျော်ဆန်းမှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများက ပြိုင်ပွဲပုံစံ သရုပ်ပြသခဲ့ကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမင်းသိန်းက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရဲထွန်းက သင်တန်းနည်းပြနှင့် လက်ထောက်နည်းပြများအား ဆုငွေနှင့်ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။ အဆိုပါသင်တန်းကို မတ်လ(၇)ရက်မှ ဧပြီလ(၇)ရက်အထိ တစ်ပတ်လျှင် (၄)ရက် အင်္ဂါနေ့မှ သောကြာနေ့အထိ သင်တန်းသား/သင်တန်းသူ (၃၇)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဧပြီ(၄)။ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံး ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်သည့် အသင်းအုပ်ချုပ်သူ/နည်းပြ(၁၄)ဦးအားကစားသမား(၂၅၃)ဦး၊ စုစုပေါင်း (၂၆၇)ဦးတို့သည်  အရှေ့တောင်အာရှ၊ အာရှနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်အားများရရှိစေရန်နှင့် အတုယူ ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone) ၌ ဖွင့်လှစ်ပြသထားရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး […]

နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကျင်းပ

Loading

နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကျင်းပ ရန်ကုန်၊ မတ်လ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး(အနောက်ပိုင်းခရိုင်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်များနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကို လမ်းမတော်မြို့နယ် အ.လ.က(၁)၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်တို့က အမှာစကားများ ပြောကြားကြကာ နည်းပြချုပ် ဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်အလိုက် သင်တန်းဆင်းလက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများက ရိုးရာခြင်းလုံးစွမ်းရည်များကို ခတ်ကစားပြသခဲ့ကြသည်။ ယနေ့ပြုလုပ်သည့် နွေရာသီအခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယ […]

နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲကျင်းပ

Loading

နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲကျင်းပ ရန်ကုန်၊ ဧပြီလ(၁)ရက်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းလွင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းနည်းပြများကိုယ်စား နည်းပြ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်၍ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊မတ်လ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြ မွမ်းမံသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် နည်းပြမွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကတော့ နည်းပြများအနေဖြင့် ကစားသမားများအား လေ့ကျင့်ပေးသည့်အခါတွင် လိုအပ်သည့် စာတွေ့လက်တွေ့ပိုင်းသာမက ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိစေရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် သင်ကြားပေးဖို့လိုအပ်ပါကြောင်းနှင့် ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ အနိုင်/အရှုံး၊ စံချိန်စံနှုန်းများကို တိုးတက်အောင် […]

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နည်းပြသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နည်းပြသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မတ်လ(၂၉)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် နည်းပြသင်တန်း(၁/၂၀၂၃)ဆင်းပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ ၌ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် နာယက ဒေါ်နီ ၊ ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်နှင့် ဦးမြင့်သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်မှအမှုဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့် က သင်တန်းဆင်းအမှာ စကားပြောကြားပြီး၊ သင်တန်းတွင်ထူးချွန်ဆုရရှိသော ပထမဆုရ […]

အသက်(၆၀)နှစ်နှင့်အထက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်းများအားတွေ့ဆုံပွဲနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းကျင်းပ

Loading

အသက်(၆၀)နှစ်နှင့်အထက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်းများအားတွေ့ဆုံပွဲနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းကျင်းပ တောင်ကြီး၊ မတ်လ(၂၂)ရက်။ ရှမ်းပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ခဲ့သောအသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများအား တွေ့ဆုံဂုဏ်ပြုချီးမြှင့်ခြင်းကို မတ်(၂၂)ရက် နံနက်(၇)နာရီက တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။ အခမ်းအနားတွင်အသက်(၆၀)နှစ်နှင့်အထက်အားကစားသမားဟောင်းများမှအားကစားနည်းအလိုက်မိတ်ဆက်ကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးကရှမ်းပြည်နယ်ကိုယ်စားပြုပြီးရှမ်းပြည်နယ် ၏ဂုဏ်သိက္ခာနှင့်အောင်မြင်မှုအတွက်အားကစားပြိုင်ပွဲတွင်လူအားဖြင့်လည်းကောင်း၊ငွေအားဖြင့်သော်လည်းကောင်း၊ဝီရိယများနှင့်စိုက်ထုတ်အရင်းအနှီးပြုကာအစွမ်းကုန်ကြိုးစားကစားပေးကြသည့်အတွက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်း(၁)ဦးချင်းစီကိုအသိအမှတ်ဂုဏ်ပြုပါကြောင်း၊ မိမိကျွမ်းကျင်သည့်အားကစားနည်းများအလိုက်နည်းစနစ်ပိုင်းဆိုင်ရာများ၌သော်လည်းကောင်း၊ မိမိတို့သက်တမ်းတစ်လျှောက်ကြိုးစားခဲ့ရသည့် အားကစားနှင့်ပတ်သက်သည့် အသိဥာဏ်၊ ဗဟုသုတနှင့် အတွေ့အကြုံများကို နောင်လာ နောင်သားအားကစားသမားလူတော်လူကောင်းများသို့ လက်ဆင့်ကမ်းအမွေပေးဝေ၍သော်လည်းကောင်း၊ မိမိတို့နီးစပ်ရာမိးသားစု၊ အသိုင်းအဝိုင်းနှင့်ပတ်ဝန်းကျင်ရှိလူငယ်လူရွယ်များကို ကိုယ်တိုင်တွေ့ကြုံခံစားလာရသည့် အားကစားကိုလေ့လာလိုက်စားခြင်း၏အကျိုးကျေးဇူးများကိုမျှဝေပေး၍အားကစားကိုပါဝင်ဆောင်ရွက်နိုင်ကြရန်ဝိုင်းဝန်းတိုက်တွန်းအားပေးစေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အားကစားသမားဟောင်း(၁၉၅)ဦးအတွက် တစ်ဦးလျှင်ငွေ(၁၀၀၀၀၀)ကျပ်နှုန်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အားကစားနည်းအလိုက် အသက်(၆၀)နှစ်နှင့်အထက် ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားဟောင်းများဖြစ်သည့်ဘောလုံး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ အလေးမ၊ တင်းနစ်စားပွဲတင်တင်းနစ်၊ စက်ဘီးရိုး၊ ရာခြင်း၊စစ်တုရင်ဘော်လီဘော၊ ကြက်တောင်အားကစားနည်းများအားပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ပြည်နယ်ဝန်များ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကအသီးသီးချီးမြှင့်ပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားများကိုယ်စားတစ်ဦးမှ ဝမ်းသာပီတ်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်ကအားကစားသမားဟောင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားကစားအဖွဲ့များမှ ဖျော်ဖြေတင်ဆက်သရုပ်ပြသခဲ့ကြောင်းသိရှိရသည်။