၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
![]()
၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ ဘားအံ၊ဖေဖော်ဝါရီ(၇)။ (၇.၂.၂၀၂၃)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန် ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံမြို့နယ် အသင်းနှင့် သံတောင်ကြီးမြို့နယ်အသင်းတို့ ယှဉ်ပြိုက်ကစားကြရာ ဘားအံမြို့နယ် အသင်းမှ သံတောင်ကြီးမြို့နယ်အသင်းအား (၈ ဂိုး : ၃ ဂိုး)ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်၍အစီအစဉ်အရ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ရှေ့ဦးစွာ ဆုရရှိသောအားကစားသမားများကွင်းအတွင်းနေရာယူပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားစတင်ခဲ့ပါသည်။ ဆက်လက်၍ ကြက်ခြေနီအဖွဲ့ နှင့် ဒိုင်အဖွဲ့အား […]
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ
![]()
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ မုံရွာ၊ဖေဖော်ဝါရီ (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက သင်တန်းတွင် တက်ရောက်ခဲ့သော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ငန်းတာဝန်(၃)ရပ်၊ ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်၊ ဝန်းထမ်းစည်းမျဥ်း၊ စည်းကမ်းများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို အစွမ်းကုန်ကြိုးစား လုပ်ကိုင်ကြစေကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက် ၊လုပ်ငန်းစဥ်များအပေါ်တည်မှီပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ ပေးအပ်သည့်တာဝန်များကို မိမိတို့ကျရာကဏ္ဍမှ တာဝန်သိသိ သစ္စာရှိရှိဖြင့် ဆက်လက်ထမ်းပိုးထမ်းဆောင်သွားကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက လက်ခံရယူခဲ့ပြီး […]
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဂုဏ်ပြုစားပွဲသုံးဆောင်
![]()
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဂုဏ်ပြုစားပွဲသုံးဆောင် ရန်ကုန်၊ဖေဖော်ဝါရီလ(၅)ရက်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် အလှူရှင်များက ယနေ့နေ့လယ် (၁၂)နာရီအချိန်က အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)ကျောင်းသို့သွားရောက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ သင်တန်းသား/သူများ၊ B.Sc(Sports) ကျောင်းသား/သူများနှင့် ISPE FC ဘောလုံးအသင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး အထူးနေ့လယ်စာ ဂုဏ်ပြုစားပွဲများပြုလုပ်ပေး၍ ကျောင်းသား/ ကျောင်းသူများနှင့်အတူတကွသုံးဆောင်ခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဥပဒေချုပ်ကအမှာစကားပြောကြား၍ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်း က သင်တန်းသား/သင်တန်းသူများအား စိတ်ဓာတ်မြင့်မားရေးအတွက် အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဌ က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း […]
ကလေးဝမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အေရိုးဗစ်ပြိုင်ပွဲကျင်းပ
![]()
ကလေးဝမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အေရိုးဗစ်ပြိုင်ပွဲကျင်းပ ကလေးဝ၊ ဖေဖော်ဝါရီ (၄)။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းအဆင့် အေရိုးဗစ်ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ပညာရတနာခန်းမ၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အေရိုးဗစ်ပြိုင်ပွဲကို ကလေးငယ်များကိုယ်ကာယ စွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ခင်ပြုံးရီက ပြိုင်ပွဲဝင်စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ အေရိုးဗစ်အသင်း ၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင်ဆုရရှိသော အေရိုးဗစ်အသင်းများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများကို အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်
![]()
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက် စစ်တွေ၊ ဖေဖော်ဝါရီ (၅)။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စာတိုက်ကြီးအနီး ကမ်းနားလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ ပြိုင်ပွဲဝင်ရောက်မည့်ကျောင်းသား၊ ကျောင်းသူနှင့် ပြိုင်ပွဲဝင် အားကစားသမားများက နေရာယူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမျိုးသား ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဆွေဆွေမြတ်က အမျိုးသမီးပြိုင်ပွဲဝင်များအားလည်းကောင်း သေနတ်ပစ်ဖောက်အချက်ပေးကာ တာလွှတ်ပေးသည်။ ဆက်လက်၍ အားကစားသမားများသည် ကမ်းနားလမ်း စာတိုက်ကြီးအနီးမှ ကမ်းနားလမ်း […]
၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံ)ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁.၁.၂၀၂၃)ရက်နေ့ ညနေ (၃) နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်း နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံကျောင်းအုပ်ဆရာမကြီးများ၊ ဘောလုံးဆပ်ကော်မတီဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်(ဂ)အသင်းနှင့် ဘားအံတက္ကသိုလ်(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံတက္ကသိုလ်(ဂ)အသင်းမှ ဘားအံတက္ကသိုလ်(က)အသင်းကို (၄:၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေနှင့် ဒိုင်လူကြီးအဖွဲ့ […]
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
![]()
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ စစ်ကိုင်း၊ ဇန်နဝါရီ(၃၁)ရက်။ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် အားကစားကဏ္ဍများနှင့် အနုပညာ၊ ယဉ်ကျေးမှုများကိုပါ စိတ်ပါဝင်စားစွာ လှုပ်ရှားဆောင်ရွက်တက်စေရန်၊ အားကစားလှုပ်ရှားကစားခြင်းဖြင့် တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထောက်အကူပြုပေးကြောင်း၊ ဘော့လုံးအားကစားသည် Team Work ဖြင့် ကစားရသည့်အတွက် အပေးအယူညီညီနှင့် စည်းစည်းလုံးလုံးကစားကြရန် နှင့်ထိခိုက်ဒဏ်ရာမရရှိစေပဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ အထူးမှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ထွန်းဦးက ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ကြောင်းကြေညာ ပေးခဲ့သည်။ အဆိုပါဘောလုံးပြိုင်ပွဲသို့ အမျိုးသားဘော့လုံးအသင်း(၈)သင်း […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇန်နဝါရီလ(၂၈)ရက်။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ (၁၆:၀၀) အချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများမှ […]
မွန်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများမြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
![]()
နေပြည်တော်၊ ဇန်နဝါရီ(၂၃)။ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များဖြစ်ပေါ်လာစေရန်အတွက် မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများသည် ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမ အတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိမေးမြန်းခဲ့သည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်အား ဆက်လက် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၅)။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒို အတိုက်၊ ကကွက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၁၄-၁-၂၀၂၃ မှ ၁၅-၁-၂၀၂၃)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံတွင် ကလပ် ၁၀ ခုမှ ပြိုင်ပွဲဝင်ကစားသမားများ ၃၈၀ ဦးခန့် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကကွက်ပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းဦးနှင့်ကလပ်ပေါင်းစုံမှတာဝန်ရှိပုဂ္ဂိုလ်များမှ လည်းကောင်း အတိုက်ပြိုင်ပွဲများတွင် ဆုရရှိသော ကစားသမားများ၊အတန်းလိုက် တံခွန်စိုက်ဆုဖလားများ၊ကကွက်တံခွန်စိုက်ဆုဖလားများ၊အကောင်းဆုံးအားကစားသမားဆုများဆုရရှိသော အားကစားသမားများအား မြန်မာ့နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်မြို့နယ်အားကစားမှူးများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အတိုက်ပြိုင်ပွဲတွင်တံခွန်စိုက်ဆုဖလားရရှိသော Wisdom Hill ကလပ်အသင်းအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော် […]