အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ် လာရှိုးမြို့နယ်ရှိ ခရိုင်ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

Loading

နေပြည်တော် စက်တင်ဘာလ (၁၉)။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဦးမင်းသိန်းဇံသည် ယနေ့ နံနက် ၁၁နာရီအချိန်တွင်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ခရိုင်ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် လာရှိုး ခရိုင်မြို့နယ်ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ် အဖွဲ့လိုက် တစ်ဦးကိုတစ်ဦး လေးစားကာ မိသားစုစိတ်ဓာတ်ဖြင့် တာဝန်ကို ထမ်းဆောင်ကြစေလိုကြောင်း၊ ဝန်ထမ်းများ အခက်အခဲကို တာဝန်ရှိသူများအား အချိန်နှင့် တစ်ပြေးညီ တင်ပြ၍ ဆောင်ရွက်ဖေးမကြစေလိုပါကြောင်း၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ၌ ပါတီနိုင်ငံရေး ကင်းရှင်းကြစေ လိုပါကြောင်း ပြောကြားပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် လာရှိုးမြို့နယ် အားကစားကွင်းသို့ရောက်ရှိလာပြီး အားကစားမှူးနေအိမ်နှင့် ရုံးတွဲ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနCOVID ရောဂါအခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေး

Loading

နေပြည်တော်။ ဩဂုတ်လ (၁၉)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ COVID ရောဂါနှင့် ပတ်သက်၍ဆောင်ရွက်ချက်များနှင့် ရောဂါဖြစ်ပွားသည့် အခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ၊ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ညွန်ကြားရေးမှုးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးသိန်းထွန်းလတ်၊ ဒုတိယညွန်ကြားရေးမှုးချုပ်ဦးကျော်ဦးနှင့် ညွန်ကြားရေးမှုးများ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ ယခုဖြစ်ပေါ်နေသော ကိုဗစ်၁၉ တတိယလှိုင်းသည် ယခင်ထက် ကူးစက်နှုန်မြန်းပြီး လူသေဆုံးမှု မြင့်မားသောကြောင့် နိင်ငံတော်အစိုးရအနေနှင့် ရောဂါကူးစက်နှုန်း လျော့ချပြီး ရောဂါကွင်းဆက် ပြတ်နိင်ရေးတွက် နိင်ငံတစ်ဝှမ်းရှိ မြို့နယ်များအား Stay Home သတ်မှတ်၍လည်းကောင်း၊ ရုံးဌါနများအား ရုံးပိတ်ရက်ရှည် ဆက်တိုက်သတ်မှတ်၍ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်နိင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ ရောဂါကူးစက်ခံရသူများ ကုသရေးစင်တာများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ရှိ မြန်မာ့အားကစားအဖွဲ့များ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

Loading

နေပြည်တော်၊ သြဂုတ်လ(၁၃) ရက်။ ၂၀၂၂ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့မှ အားကစားနည်း (၁၈)မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် လက်ရှိကာလ၌ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၌ အားကစားနည်း(၁၀)မျိုး၊ ရန်ကုန်မြို့၌ အားကစားနည်း(၃)မျိုးအား စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာ အားကစားအဖွဲ့များ COVID-၁၉ စည်းကမ်းနှင့်အညီ ဝဏ္ဏသိဒ္ဓိရှိ အားကစားကွင်း/ရုံ အသီးသီး၌ လေ့ကျင့် ဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစား လေ့ကျင့်ရေး […]