အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၂)။ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြေးခုန်ပစ် မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး  အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယမန်နေ့က ညနေပိုင်းပွဲစဉ်များအဖြစ် မီတာ ၄၀၀x၄ လက်ဆင့်ကမ်း (အမျိုးသား/ အမျိုးသမီး)၊ လှံတံပစ်(အမျိုးသား/အမျိုးသမီး)၊ တန်းမြင့်ခုန်(အမျိုးသမီး)၊ မီတာ ၁၀၀ (အမျိုးသား/ အမျိုးသမီး)၊ မီတာ ၁၅၀၀ (အမျိုးသား/အမျိုးသမီး)၊ သုံးဆင့်ခုန် (အမျိုးသား)ပြိုင်ပွဲများကို ဆက်လက် ကျင်းပခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက […]

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် (၁)။ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ […]

နွေရာသီအခြေခံ ရေကူးသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

နွေရာသီအခြေခံ ရေကူးသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ မေ (၃၁)။ နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၄/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ  မတ်လ (၁၇)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၁၁၃)ဦးဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ မတ်လ (၂၀)ရက်နေ့မှ  ဧပြီလ (၇)ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ (၁၂၃)ဦးဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဧပြီလ  (၂၂)ရက်နေ့မှ  မေလ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ရခိုင်ပြည်နယ်အတွင်း အားကစားကွင်း/အားကစားရုံ ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများသို့ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေပေးအပ်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ရခိုင်ပြည်နယ်အတွင်း အားကစားကွင်း/အားကစားရုံ ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများသို့ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေပေးအပ် စစ်တွေ၊ မေ(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ မေလ(၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် စစ်တွေမြို့ရှိ အားကစားကွင်း၊ အားကစားရုံများ ပျက်စီးဆုံးရှုံးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (စစ်တွေ)သို့ရောက်ရှိပြီး နှစ်ထပ်ကျောင်းအုပ်ချုပ်မှုရုံး၊ နှစ်ထပ်စာသင်ဆောင်၊ သုံးထပ်သင်တန်းသား/ သင်တန်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင်၊ အားကစားလေ့ကျင့်ရေးရုံများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ထမင်းစားဆောင်တွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးများကို ပြင်ဆင်နိုင်ရန်နှင့် ဝန်ထမ်းများကို အားပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြင်ဆင်မှုများကို မိုးမကျမီ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ မေလ(၁၈)ရက်။ ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ(၅)နာရီခွဲ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် UB-7024 မြန်မာအမျိုးသား လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၃)ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ငွေ(၃)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၃)ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ငွေ(၃)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၆)ရက်။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ဒေသစံတော်ချိန် မွန်းလွဲ (၂)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသားအလွတ်တန်း စွမ်းရည်ပြအသင်းလိုက်ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်အောင်ဇော်သက်၊ မောင်ရဲဇော်မိုး၊ မောင်ရဲထွန်းအံ့တို့အတွဲက ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေ(၁)ခု၊ ဘောလုံး(အမျိုးသမီး) အားကစားနည်းမှ ငွေ(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁) ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေ(၁)ခု၊ ဘောလုံး(အမျိုးသမီး) အားကစားနည်းမှ ငွေ(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၅)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်း ဒေသစံတော်ချိန်(၃)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသမီး (၅၅)ကီလို ကြိမ်တုတ်အတိုက် ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မမိုးမိုးအေးက […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ် (သင်တန်းသား/သင်တန်းသူ)များအား လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ်(သင်တန်းသား/သင်တန်းသူ)များအား လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း နေပြည်တော်၊ မေလ ၁၆ ရက်။ ကျောင်းသား/ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းအခြေခံနှင့် တန်းမြင့်သင်တန်းများကို ရေကြောင်းလူငယ် သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား/သင်တန်းသူ (၇၁၂)ဦးဖြင့်လည်းကောင်း၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို သင်တန်းစခန်း(၁၇)ခု၌ သင်တန်းသား/ သင်တန်းသူ (၆၈၀)ဦးတို့ဖြင့်လည်းကောင်း၊ ဧပြီလ(၂၄)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ လူငယ်ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ အတွင်းရေးမှူး၊ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ၂၂ အသင်းတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ ၂၂ အသင်းတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား ကမ္ဘောဒီးယား၊ မေ ၁၅။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တတိယနေရာလုပွဲ ကစားမည့် အမျိုးသား ယူ၂၂ အသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အသင်းတို့သည် မေ ၁၅ ရက်(ယနေ့)မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ National Olympic Stadium ၌ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မြန်မာ အမျိုးသား ယူ ၂၂ အသင်းသည်လည်း မေ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ်(၁)ခုနှင့် တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ် (၂)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ်(၁)ခုနှင့် တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ် (၂)ခု ထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၂)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အားကစားပြိုင်ပွဲများသို့ ယနေ့နံနက်(၉)နာရီတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဦးစွာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (A)၌ ကျင်းပလျက်ရှိသည့် ဝူရှူး (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲပွဲစဥ်များအဖြစ် ချန်းချွမ်(အမျိုးသမီး) မြောက်ပိုင်း လက်သိုင်းပြိုင်ပွဲတွင် (မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မစန္ဒီဦးက ပထမ(ရွှေတံဆိပ်)ဆု ကိုလည်းကောင်း၊ […]