နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
![]()
နေပြည်တော်၊ ဇွန် (၁၅)ရက်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်း သားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား” ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ် ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတက်ရောက်
![]()
နေပြည်တော်၊ ဇွန်(၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ယနေ့နံနက် (၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးတို့က စိန်တလုံးသရက် ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ သတ် မှတ် နေရာများတွင် စိန်တလုံးသရက်ပျိုးပင် (၆၀၀)ခန့် စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဌာန ဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများ၏ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား တက်ရောက်
![]()
နေပြည်တော်၊ ဇွန် (၁၃)ရက်။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးရွှေလေးနှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် […]
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုနှင့်ကူရတ် အားကစားနည်းများ၌ အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများနှင့် နည်းပြများအား မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
နေပြည်တော်၊ ဇွန် (၁၂)ရက်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုနှင့်ကူရတ် အားကစား နည်းများ၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိခဲ့သည့် အားကစားသမားများနှင့် နည်းပြများအား မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ (၆) နာရီတွင် နေပြည်တော် ရတနာသိင်္ဃ ဟိုတယ်၌ ကျင်းပခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဆုရအားကစားသမားများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်ဆု […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
နေပြည်တော်၊ ဇွန် (၁၂)ရက်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ဇွန်လ(၈)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ရှေးဦးစွာ (၃)ဦးတွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ (၂)ဦးတွဲအသင်းလိုက်တတိယဆု ရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးမှ လည်းကောင်း၊ (၂)ဦးတွဲအသင်းလိုက် ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် မှလည်းကောင်း၊ (၂)ဦးတွဲ ပထမဆုရရှိသည့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေး
![]()
နေပြည်တော်၊ ဇွန် (၁၂)ရက်။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ တတိယနေ့ ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ပါသည်။ ယနေ့ နံနက်ပိုင်း ပွဲစဉ်များအဖြစ် အမျိုးသမီး (၄)ပေါက်တန်း ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ရမှတ် (၄၅၃)မှတ်၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ ရမှတ် […]
၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
နေပြည်တော်၊ ဇွန် (၁၁)ရက်။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ပြည်နယ်/တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက် လက်ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ယနေ့ နံနက်ပိုင်း ပွဲစဉ်များအဖြစ် အမျိုးသား(၆)ပေါက်တန်း အသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၁၂၉၆)မှတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ (၉၂၅)မှတ်၊ ကရင်ပြည်နယ်အသင်းမှ (၅၈၈)မှတ်၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ (၅၄၃)မှတ်၊ ရှမ်းပြည်နယ်အသင်းမှ (၅၉၅)မှတ်၊ မွန်ပြည်နယ်အသင်းမှ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
![]()
နေပြည်တော်၊ ဇွန် (၁၀)ရက်။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင် ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒေါက်တာ ဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးသန်းအောင်ကျော်၊ ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးအောင်မြိုင်နှင့် ဦးမျိုးလှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယအကြိမ် ညီလာခံတက်ရောက်
![]()
နေပြည်တော်၊ ဇွန်(၁၀)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် (၄၃)ကြိမ်မြောက် ဒုတိယအကြိမ်ညီလာခံကို ယနေ့ ညနေ(၅)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multi-purpose Hall) ၌ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ရိုးရာခြင်းလုံးအားကစားနည်းသည် မြန်မာတို့၏ ကိုယ်ပိုင်အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရိုးရာအားကစားနည်းများကို ဖော်ထုတ်ပြီး နိုင်ငံတကာသို့ ထိုးဖောက်ရန်ကြိုးစားလျက်ရှိကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးသမိုင်းကြောင်းများ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများနှင့် အားကစား သမားများ လိုက်နာရမည့် Rules and Regulations များကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် စနစ်တကျ ပြုစုထားရန်လိုကြောင်းနှင့် […]
ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
![]()
နေပြည်တော်၊ဇွန်လ (၉)ရက်။ နောင်လာမည့်အနာဂတ်တွင် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် လူမှူ့ဝန်ထမ်းဦးစီး ဌာန အိမ်တွင်းမှူ့အသက်မွေးပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်း (အ.ထ.က) ခန်းမဆောင်တွင်လည်းကောင်း၊ ကျုံပျော်မြို့နယ်၊အ.ထ.က-၁(ကျုံပျော်) အောင်ဆန်းခန်းမဆောင်တွင်လည်းကောင်း “ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး၊ အားကစားပုံမှန်လှုပ်ရှားပေး” ၊ “ စိတ်ဓါတ်၊စည်းကမ်း၊ပညာ” ၊ “ လူငယ်နှင့်ပညာရေး” ၊ “ လူငယ်နှင့်စာဖတ်ရခြင်းအကျိုးကျေးဇူး” ၊ “ လူငယ်နှင့်အားကစား” ၊ “ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပြောကြားခဲ့ကြပြီး အားကစားဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် EIM […]