အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ဇွန်လ (၉)ရက်။

နောင်လာမည့်အနာဂတ်တွင် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် လူမှူ့ဝန်ထမ်းဦးစီး ဌာန အိမ်တွင်းမှူ့အသက်မွေးပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်း (အ.ထ.က) ခန်းမဆောင်တွင်လည်းကောင်း၊ ကျုံပျော်မြို့နယ်၊အ.ထ.က-၁(ကျုံပျော်) အောင်ဆန်းခန်းမဆောင်တွင်လည်းကောင်း “ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး၊ အားကစားပုံမှန်လှုပ်ရှားပေး” ၊ “ စိတ်ဓါတ်၊စည်းကမ်း၊ပညာ” ၊ “ လူငယ်နှင့်ပညာရေး” ၊ “ လူငယ်နှင့်စာဖတ်ရခြင်းအကျိုးကျေးဇူး” ၊ “ လူငယ်နှင့်အားကစား” ၊ “ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပြောကြားခဲ့ကြပြီး အားကစားဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကိုပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။