အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၏ မြန်မာ့သိုင်းဒိုင်လူကြီးနှင့် နည်းပြသင်တန်း ဖွင့်ပွဲတက်ရောက် အဖွင့်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၏ မြန်မာ့သိုင်းဒိုင်လူကြီးနှင့် နည်းပြသင်တန်း ဖွင့်ပွဲတက်ရောက် အဖွင့်အမှာစကားပြောကြား

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

Loading

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ တောင်ကြီး၊ဒီဇင်ဘာ (၇) ရက်။၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်း ပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ(၇)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပသည်။ပထမဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းခွင်တွင် ပိုမိုပျော်ရွှင်စေရန်၊ စိတ်ဖိစီးမှုများလျော့ကျစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အပြင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုကို တိုးတက်လာစေသည်သာမက ရောဂါအမျိုးမျိုးကို […]

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

Loading

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မကွေး၊ ဒီဇင်ဘာ (၇) ရက်။ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ဒီဇင်ဘာလ ၇ ရက် ယနေ့နံနက် ၈ နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားပြိုင်ပွဲ များ ပြုလုပ်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ကျောင်းသား/သူများ အချင်းချင်း တွေ့ဆုံ၍ ရင်းနှီးချစ်ကြည်စွာ ယှဉ်ပြိုင်ကစားကာ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက် ခိုင်မာလာပြီး […]

ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ကယား၊ နိုဝင်ဘာလ(၁၉)ရက်။ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် ၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် လူငယ်လူရွယ်များအတွက် အဓိကအားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီဖြစ်ကြောင်း ၊ ကယားပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် ပြည်နယ်အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ကြိုးစားအကောင်အထည်ဖော်နိုင်ရန်အတွက် ယခုလို အားကစားပညာပေး သင်တန်းများ ဖွင့်လှစ်ပြီး လုပ်သားပြည်သူများ ၊ ကျောင်းသားကျောင်းသူများ ၊ လူငယ် မောင်မယ်များကို ကျန်းမာကြံ့ခိုင်ပြီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံSouth East Asian Games Federation (SEAGF) Council အစည်းအဝေးတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ South East Asian Games Federation (SEAGF) Council အစည်းအဝေးတက်ရောက် နေပြည်တော်၊ ဒီဇင်ဘာလ(၇)ရက်။ အရှေ့တောင်အာရှနိုင်ငံများ၏ အားကစားပြိုင်ပွဲများဖြစ်သော SEA GAMES ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် South East Asian Games Federation (SEAGF) Council အစည်းအဝေးအား ယနေ့မွန်းလွဲ (၁၂)နာရီ(၃၀)မိနစ် အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ SEAGF Office အဖွဲ့ဝင်များမှ ဦးဆောင်၍ အရှေ့တောင်အာရှနိုင်ငံများမှ အိုလံပစ်ကော်မတီ ဥက္ကဌများတက်ရောက်ကြပြီး မြန်မာနိုင်ငံမှ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး […]

(၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေကြသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လိုက်လံကြည့်ရှုအားပေး

Loading

(၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေကြသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာလ (၇)ရက်။ ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)ရုံ၌  လေ့ကျင့်လျက်ရှိရာ ယနေ့ ညနေ (၄)နာရီအချိန်တွင်  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြပြီး အားကစားသမားများအား ကစားလေ့ကျင့်ရေးဝတ်စုံနှင့် အားကစားပစ္စည်းများ၊ အားဖြည့်အချိုရည်များနှင့် ထောက်ပံ့ကြေးငွေ (၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းများကို အလေးထားဦးစားပေးလိုက်နာသင့်ပါကြောင်း၊လေ့ကျင့်ရေးကာလတွင် တစ်ဦးချင်းကျန်းမာရေးကို အထူးဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်မှသာ တာဝန်ရှိသူများမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဒီဇင်ဘာလ(၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် နည်းပြများ၏အခန်းကဏ္ဍသည် အထူးအရေးပါသည့်ကဏ္ဍဖြစ်ပြီး နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)တွင် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမားများမှ ထူးချွန် ထက်မြတ်ပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် အားကစားနည်းပြဆရာများ၏ အရည်အသွေးများ၊ အားကစားစွမ်းဆောင်ရည်အဆင့်များ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းများနှင့် အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းများနှင့် အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၂)ရက်။ ၂၀၂၁ ခုနှစ် မေလလယ်တွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေး စင် အားကစားသမားများ၏ အားကစားနည်းအလိုက် ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းများနှင့် အားကစားနည်းများအလိုက် လေ့ကျင့်နေမှုများအား ယနေ့နံနက် (၈)နာရီ (၃၀)မိနစ် အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ဒီဇင်ဘာလ(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းနည်းပြဆရာမ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် –           […]

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ နည်းပြများနှင့်အားကစားသမားများ၏ မြေပြင်တွင် ကြုံတွေ့ရသည့်အခြေအနေများနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို စစ်တမ်းကောက်ယူ သုံးသပ်ခြင်း ညှိနှိုင်း အစည်းအဝေးပွဲ

Loading

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ နည်းပြများနှင့်အားကစားသမားများ၏ မြေပြင်တွင် ကြုံတွေ့ရသည့်အခြေအနေများနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို စစ်တမ်းကောက်ယူ သုံးသပ်ခြင်း ညှိနှိုင်း အစည်းအဝေးပွဲ နေပြည်တော်၊ နိုဝင်ဘာလ (၂၃)။ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ နည်းပြများနှင့်အားကစားသမားများ၏ မြေပြင်တွင် ကြုံတွေ့ရသည့်အခြေအနေများနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို စစ်တမ်းကောက်ယူ သုံးသပ်ခြင်း ညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲအလိုက် တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ မြေပြင်တွင် ကြုံတွေ့ရသည့် အခြေအနေအား စစ်တမ်း ကောက်ယူခြင်း ဆောင်ရွက်ရာတွင် […]