(31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေး

(31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီအချိန်တွင် (31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပီတန်း၊ ဂျူဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘိလိယက်/စနူကာ၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ဗိုဗီနမ်နှင့် မြားပစ် အားကစားအဖွဲ့များမှ အားကစားသမားများ၏ လေ့ကျင့်လျက်ရှိသော သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ […]
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို (၂၁.၁၂.၂၀၂၁)ရက်နေ့မှ (၄.၁.၂၀၂၂)ရက်နေ့အထိ အမျိုးသား/အမျိုးသမီး (ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ ထုပ်ဆီးထိုးနှင့် အပြေး) အားကစားပြိုင်ပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/ရုံများတွင် ကျင်းပပြုလုပ် လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကျင်းပပြုလုပ် လျက်ရှိသော (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)တွင် ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီဒုဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ လိုက်လံ ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ လိုက်လံ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်များရှိ အားကစားကွင်း/ အားကစားရုံများသို့ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ်ရှိ အောင်ဆန်းသူရိယလှသောင်း အားကစားကွင်း၊ ကော့မှူးမြို့နယ်ရှိ အောင်ဇမ္ဗူ အားကစားကွင်းနှင့် တွံတေးမြို့နယ်ရှိ တွံတေးမြို့မ အားကစားကွင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းများအား သန့်ရှင်းသာယာလှပစေရေး၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ဘောလုံးကွင်း အတွင်းရှိ ပွဲကြည့်စင်နှင့် (Score Board) များအား ပျက်စီးမှုမရှိအောင် ထိန်းသိမ်းကြရန်၊ မိုးလုံလေလုံအားကစားရုံများ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ (၂၆)ရက်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှု စစ်ဆေး သည်။ ဦးစွာ အားကစားရုံအတွင်းရှိ အစည်းအဝေးခန်းမ၌ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏသမိုင်းအကျဉ်း၊ အမျိုးသားအားကစားရုံ(၁)၌ ကျင်းပခဲ့သည့်နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပခဲ့မှုအခြေအနေများ၊ အမျိုးသားအားကစားပြိုင်ပွဲရုံအား အဆင့်မြှင့်တင်ခြင်းနှင့် […]
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၂၄)ရက်။ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနား ကို ယနေ့နေ့လည်(၁)နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်၍ အမျိုးသမီး (၂၅) မီတာ ပစ္စတိုပြိုင်ပွဲ၊ အမျိုးသား (၅၀)မီတာ စိတ်ကြိုက်ပစ္စတိုပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာ အကြံပေး ဦးဌေးလင်း က အမျိုးသား(၁၀)မီတာလေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ ရဲထွန်းနောင် ရမှတ် (၅၇၇)မှတ်၊ ဒုတိယဆုရ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာလ (၂၆) ရက်။ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို အားကစားနည်း (၆) နည်းအား ဒီဇင်ဘာလ (၂၁) ရက် နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ( ၄) ရက် နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ( Sports Complex) […]
မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၂၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင်သေနတ်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ပထမနေ့ပွဲစဉ် အဖြစ်အမျိုးသား 10m Air Pistol နှင့် 10m Air Rifle ပြိုင်ပွဲများကျင်းပခဲ့ပြီး ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အမျိုးသမီး 10m Air Pistol ၊ 10m Air Rifle နှင့် အမျိုးသား25m Standard Pistol ပြိုင်ပွဲများ […]
၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကျင်းပ

၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကျင်းပ နေပြည်တော် ၊ ဒီဇင်ဘာလ (၂၁) ရက်။ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ယနေ့ နံနက်(၈) နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကိုဗစ်- ၁၉ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ မြန်မာနိုင်ငံ ယဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးစိုးမြင့်ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရူအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ နံနက် (၈) နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၂၁) ရက်။ အားကစာနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက် (၇)နာရီ (၃၀)မိနစ်အချိန်တွင် ပုသိမ်မြို့ ကန်သုံးဆင့်ဘေးရှိ သစ်တောပျိုးဥယာဉ်၌ အဆင့်မြင့်ရေကူးကန်တည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာပိုင် ရေကူးကန်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော လှေလှော်အားကစားသမားများနှင့် လှေများ ထားရှိရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား တိုင်းဒေသကြီး/ ပြည်နယ်ကိုယ်စားပြုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်မှာကြားခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၂၆)မြို့နယ်၊ အသက်(၂၅)နှစ်အောက် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များ သွားရောက် ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များ သွားရောက် ကြည့်ရှုစစ်ဆေး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ လိုက်ပါလျက် (၁၉.၁၂.၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် ကော့မှူးမြို့နယ် အားကစားကွင်း/ ရုံနှင့် ကွမ်းခြံကုန်းမြို့နယ် အားကစားကွင်း/ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်လက် ထွက်ခွာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လာရောက်ကြိုဆိုခဲ့ကြပြီး ဒေးဒရဲမြို့နယ် အားကစားကွင်း/ ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားရုံ (Portico) မျက်နှာကြက်ပျက်စီးနေမှုအား ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ပျက်စီးနေသည့် (Outdoor Fitness) […]