အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ဆန်းစစ်ပြိုင်ပွဲ လာရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ(၃)။

၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းမှ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားသမားများအား အလေးမအားကစားနည်း ပြိုင်ပွဲအသွင်ဆန်းစစ်ခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ အလေးမအားကစားနည်း ပြိုင်ပွဲအသွင်ဆန်းစစ်ပြိုင်ပွဲသို့ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းမှ အလေးမအားကစားသမား ကျား(၂)ဦး၊ မ(၅)ဦး၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အလေးမအားကစားသမား ကျား(၂)ဦး၊ မ(၂)ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ အလေးမအားကစားသမား ကျား(၁)ဦး၊ စုစုပေါင်း အားကစားသမား (၁၂)ဦးတို့သည် ပြိုင်ပွဲအမျိုးအစားအလိုက် (ကျား)ဝိတ်တန်း(၄)မျိုး၊ (မ)ဝိတ်တန်း(၆)မျိုးတို့တွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ကြောင်း သတင်းရရှိပါသည်။