(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှု/ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးအား အားက စားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှု/ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက် နေပြည်တော်၊ မတ် (၁၇) ။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေး (Administerial & Technical Meeting)ကို ယနေ့ နေ့လည်(၁)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားဆေးဘက် ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး […]
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် Chef De Mission Meeting သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် Chef De Mission Meeting သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက် နေပြည်တော်၊ မတ်(၁၆) ။ ၂၀၂၂ ခုနှစ်၊ မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် Chef De Mission Meeting အား ၂၀၂၂ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နှင့် (၁၉)ရက် နေ့တို့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက် မြန်မာစံတော်ချိန် (၁၀:၂၅)နာရီအချိန်၌ စင်္ကာပူ လေကြောင်းလိုင်း […]
ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက် နေပြည်တော်၊ မတ် (၁၆) ။ ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လမ်းညွှန်ချက်အရ ပြည်နယ်/တိုင်း ဒေသကြီးနှင့်ခရိုင်များရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲခေါင်းစဉ်ဖြင့် ဟောပြောပွဲများ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ ဆိုလာစနစ်ဖြင့် ရေရရှိရေး၊ ဘောလုံးကွင်းအမြဲသန့်ရှင်းသာယာလှပမှု ရှိစေရေး ဆောင်ရွက်ထားရန်နှင့် ကွင်းပတ်လည်တွင် ဈေးရောင်းချသူများမရှိစေရေး ကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဘောလုံးကွင်းပွဲကြည့်စင်နှင့် အုတ်နံရံတံတိုင်းများ ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်မှာကြားခဲ့ပြီး မိမိတို့ဝန်ကြီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားကဏ္ဍတွင် သာမက လူငယ် ရေးရာကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ် များရှိ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်(၉)နာရီ အချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းရှိ နှစ်(၇၀၀)ပြည့် ဘောလုံးအားကစားကွင်းသို့ သွားရောက်ခဲ့ပြီး ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်းခင်းကျင်းနေမှု၊ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း ပွဲကြည့်စင်အား ထပ်မံတိုးချဲ့ တည်ဆောက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိရန်နှင့် ဘောလုံးကွင်းတည်ဆောက်ပြီးစီးပါက ပြည်သူများ စိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိရန်လိုကြောင်းနှင့် ဘောလုံးကွင်းပတ်လည်ရှိ ရေနှုတ်မြောင်းများ […]
မိုင်းဆတ်မြို့ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မိုင်းဆတ်မြို့ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ မိုင်းဆတ်၊ မတ်(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မိုင်းဆတ်တပ်နယ်တို့မှ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ မိုင်းဆတ်တပ်နယ် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်တွင် မိုင်းဆတ်မြို့နယ် အောင်ဇေယျဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မိုင်းဆတ်တပ်နယ် ဒုတိယတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်ကျော် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ခိုင် ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်လင်းအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် ဘောလုံးအားကစားဝါသနာရှင်များက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားနှင့် ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၁၀)သင်းနှင့် […]
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတက်ရောက်အမှာစကားပြောကြား

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ မတ်(၇)။ ၂၀၂၂ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများဦးဆောင်မှု ပိုမို မြင့်မားလာစေရန်ရည်ရွယ်၍ “ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စကားဝိုင်းဆွေးနွေးပွဲ (International Women’s Day Talk Show)” အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အမျိုးသမီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို အတူတကွ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ယခုဆွေးနွေးပွဲမှ ရရှိလာသော […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ မတ်(၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်း/အမှုထမ်း များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ မတ်(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) Call ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်း/အမှုထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် အရာထမ်း/ အမှုထမ်းများမှ တစ်ဦးချင်းမိတ်ဆက်ဂါရဝပြု ကြပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှု

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှု နေပြည်တော်၊ မတ်(၇)ရက်။ ဗီယက်နမ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များဖြစ်သော (ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး(ဆန်းဆို)နှင့် ဗိုဗီနမ်) အားကစားအဖွဲ့များ၏ လေ့ကျင့်မှုပြုလုပ်နေသည့်နေရာများသို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်း တွင် လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားအဖွဲ့လိုက် နည်းပြနှင့် အားကစားသမားများနှင့်တွေ့ဆုံ၍ အားကစားသမားများအား (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်ကာလနီးကပ်လာပြီဖြစ်သောကြောင့် […]