အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မိဘပြည်သူများက ဂုဏ်ပြုကြိုဆို

Loading

ရန်ကုန်၊ မေလ (၂၄) ရက်။ ၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ သည် ယမန်နေ့ည (၈)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ နှင့်မိဘပြည်သူ များတို့ က အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရ မြန်မာအားကစားသမားအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မိဘပြည်သူများမှ ဂုဏ်ပြုကြိုဆို

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရ မြန်မာအားကစားသမားအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မိဘပြည်သူများမှ ဂုဏ်ပြုကြိုဆို ရန်ကုန်၊ မေလ (၂၂) ရက်။ ၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ သည် ယနေ့ညနေ (၄)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ အနုပညာရှင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများ၏ မိဘဆွေမျိုးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူ […]

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၁)ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေ(၁)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၁)ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေ(၁)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၂၂)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားက စားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Leg Attack Technique 04 Males,Each Performs 2 Legs Attack Technique (လေးယောက်တွဲ)အပြ ပွဲစဉ်၌ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင် တို့မှ (၉)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ (60)ကီလိုတန်း(အတိုက်)ပွဲစဉ်၌ မရွှေသက်ထားမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Bac Ninh Gymnasium […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၂၁.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ငွေ(၂)ခု၊ ကြေး(၈)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၂၁.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ငွေ(၂)ခု၊ ကြေး(၈)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၂၁)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Single Weapon practice four element staff form (တုတ်ရှည်အပြ)ပွဲစဉ်၌ မောင်တင်ထူးဇော်မှ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ Male Couple Weapon practice pair machete form (နှစ်ယောက်တွဲအပြ) ပွဲစဉ်၌ မောင်ရာဇာထွန်းနှင့် မောင်တင်ထူးဇော်တို့မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ (-55)ကီလိုတန်း (အတိုက်) ပွဲစဉ်၌ မောင်ကျော်ကိုကိုမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ သေနတ်ပစ်အားကစားနည်းမှ […]

(၂၀.၅.၂၀၂၂)ရက်နေ့၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၃)ခု၊ ကြေး(၆)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၂၀.၅.၂၀၂၂)ရက်နေ့၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၃)ခု၊ ကြေး(၆)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၂၀)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Multiple Weapon practice: againts 03 other with weapon (လေးယောက်တွဲ)အပြပွဲစဉ်၌ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်ဇင်လင်းထွန်းနှင့် မောင်ဇော်ဇော်တို့မှ မြန်မာနိုင်ငံအတွက် (၈)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး၊ Female Single Hand practice: Dragon Tiger form (တစ်ကိုယ်တော်လက်သိုင်း)အပြပွဲစဉ်၌ မခိုင်ဝါဖူးမှ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၉.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၄)ခု၊ ကြေး(၅)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၉.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၄)ခု၊ ကြေး(၅)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၉)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက် ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Hoang Mai အားကစားရုံ၌ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်များ၌ အမျိုးသမီး (နှစ်ယောက်တွဲ)အသင်းလိုက်(Regu)ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းကို (၂-၁)ဖြင့် အနိုင် ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် သတ္တမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ရယူပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသား(နှစ်ယောက်တွဲ) အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ ၂၀ ကီလိုမီတာ အမျိုးသမီး (လမ်းလျှောက်) ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်၌ […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၈.၅.၂၀၂၂)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၂)ခု၊ ကြေး ( ၄)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောအာရှအားကစားပြိုင်ပွဲ (၁၈.၅.၂၀၂၂)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၂)ခု၊ ကြေး ( ၄)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၈)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲ(သရုပ်ပြ) ပွဲစဉ်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့မှ မြန်မာနိုင်ငံအတွက် ဆဌမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန်ဆွတ်ခူးရရှိခဲ့ပြီး၊ အမျိုးသမီး (-55 kg) ကီလိုတန်းတွင် မနှင်းသက်ဝေမှ ကြေးတံဆိပ် ဆုကိုလည်းကောင်း၊ My Dinh National Stadium ၌ ပြေးခုန်ပစ်အားကစားနည်း မီတာ (၁၀၀၀၀) […]

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၇.၅.၂၀၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၁)ခု၊ ကြေး (၂) ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၇.၅.၂၀၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၁)ခု၊ ကြေး (၂) ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၇)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်း မြန်မာစံတော်ချိန် (၉)နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ရှိ Ha Dong အားကစားရုံ၌ ဘိလိယက်/စနူကာ အားကစားနည်းမှ English Billiards တစ်ဦးချင်း ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအားကစားသမား ပေါက်စမှ ကမ္ဘာ့ဘိလိယက်ချန်ပီယံ ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ဆုနှင့် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၆)ဆုရရှိထားသော စင်္ကာပူနိုင်ငံသား မစ္စတာပီတာဂေးခရစ်ကို (၃)ပွဲ […]

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်မှ အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့်

Loading

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်မှ အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့် နေပြည်တော်၊ မေ(၁၆) ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် စင်ကာပူအသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကာဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့သည်။ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အသင်းတည်းခိုရာ ဟိုတယ်သို့ လာရောက်တွေ့ဆုံအားပေးခဲ့ကာ နိုင်ငံတော်က ထပ်ဆောင်းချီးမြှင့်သည့် အမေရိကန်ဒေါ်လာ(၁)သိန်းကို မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအား ပေးအပ်ချီးမြင့်သည်။ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနှင့်အတူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလီဘောအသင်းကိုလည်း အတူတကွ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အသင်းများအား နိုင်ငံ့ဂုဏ်‌ဆောင်နိုင်ရေးအတွက် အစွမ်းကုန် […]

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ထပ်မံဆွတ်ခူးရရှိ

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ထပ်မံဆွတ်ခူးရရှိ ဗီယက်နမ်၊ မေ(၁၅)။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်း Nangun(နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌ မောင်သိန်းသန်းဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆု ကို ထိုက်ထိုက်တန်တန်ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရွှေတံဆိပ်ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေ US $ 3000 ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ‌ကိုယ်စားပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး နေ့လည်ပိုင်းပွဲစဉ်များအဖြစ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ (60 kg) ပြိုင်ပွဲတွင် မစုလှိုင်ဝင်းမှ ငွေတံဆိပ် (၁) ခု၊ (52 kg) […]