အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပဲခူး၊ ဇူလိုင်(၉)ရက်။ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအတွက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စကားဝိုင်းကျင်းပ

Loading

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စကားဝိုင်းကျင်းပ တောင်ကြီး၊ ဇူလိုင် ၉။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဆေးတက္ကသိုလ်(တောင်ကြီး)တို့ ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် ဆေးတက္ကသိုလ်(တောင်ကြီး)ဘက်စုံခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ၏ ဇနီး ၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၏ ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ် / ခရိုင် / မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများက […]

ဒုတိယဝန်ကြီး ဦးထိန်လင်း လက်ဝှေ့နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း လက်ဝှေ့နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့ချုပ်များ၊ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့ချုပ်များ၊ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း၊ အားကစားရုံများကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း၊ အားကစားရုံများကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး ရန်ကုန်၊ ဇူလိုင်(၈)ရက်။          အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာလှေနှင့် ကနူး/ကယက်လှေအားကစားသမားများကိုတွေ့ဆုံ၍ လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အတွေ့အကြုံကောင်းများရရှိစေရန်ရည်ရွယ်၍ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများကို စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိရာ ထိုက်သင့်သောအောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲများမှသုံးသပ်ရရှိသော အားနည်းချက်များကိုပြုပြင်လေ့ကျင့်ပြီး ရည်မှန်းချက်ဖြစ်သည့် လာမည့်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး၊ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်သွားကြရန်မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစားသမားများ၏လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ကာ နည်းပြများ၊ အားကစားသမားများကို ရင်းရင်းနှီးနှီး […]

လက်ဝှေ့နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

လက်ဝှေ့နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၈ ။ လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိူးဆက်သစ်အားကစားသမားများစွာ မွေးထုတ် ပေးနိုင်စေရန်နှင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ် သည့် လက်ဝှေ့နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ ပြီးနောက် အပြည်ပြည်ဆိုင်ရာ အပျော်တမ်းလက်ဝှေ့အဖွဲ့ချုပ် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း နေပြည်တော်၊ ဇူလိုင် (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့သို့‌ ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က ပဲခူးတိုင်းအားကစားရုံမှ ကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာအတွင်းကျင်းပမည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ ဘတ်စကက်ဘောအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပပြုလုပ်လျက်ရှိသည့် ခရိုင်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စားပွဲတင်တင်းနစ်အားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး အားကစားအောင်မြင်ရေးအတွက် လိုအပ်သည့်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း (၂၀၂၂-၂၀၂၃) (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်ရန်ပုံငွေကျပ် (၃၄၃၈.၈)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပရိတ်သတ် (၄၀၇၀)ဆံ့ တိုင်းအားကစားကွင်း RC (၂)ထပ် […]

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) အခမ်းအနားကျင်းပသည့်သတင်း

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) အခမ်းအနားကျင်းပသည့်သတင်း

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) အခမ်းအနားကျင်းပ

Loading

နေပြည်တော်၊ ဇူလိုင် ၅ ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူကိုယ်တိုင်စနစ်ဖြင့်လည်းကောင်း၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်းဖရင့် စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကြား၊ လူမှုအဖွဲ့အစည်းများနှင့် […]